လူအေးကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဒဲ့ပြောပြီ..

လူအေးကြီး ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဒဲ့ပြောပြီ.. ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ရှမ်းပြည်နယ်မှာ ဒေသခံတိုင်းရင်းသားပါတီတချို့နှင့် တွေ့အပြီး မွန်နှင့်ကယားပြည်နယ်မှာ ဆွေးနွေး‌ပွဲတွေ မအောင်မြင်ရတဲ့အပေါ်မှာ သတင်းထောက်တစ်ယောက်က မေးမြန်းတာကို ပြန်လည်ဖြေကြားချက်.. ကျွန်တော်တို့က အခုညီအကိုတွေ ပြောသလို နားထောင်ချင်တာ၊ နားထောင်ချင်တာကို သွားတယ်။ တကူးတက သွားတယ်။ တွေ့စေချင်လို့ သူတို့ပြောတာ နားထောင်ချင်လို့၊ နားထောင်ချင်တာကို တယ်လီဖုန်းဆက်ပြီးတော့ ဘယ်လိုများ ဆန္ဒများ ရှိသလဲ၊ ကျွန်တော်တို့က အလုပ်အမှုဆောင်အဖွဲ့ပါ၊ ဘာဘာညာညာ ဆိုပြီး…


ဇန်နဝါရီ (၁၃) ရက်မှာ သူရဲကောင်း ကျန်းမာရေးဝန်ထမ်း (၃) ဦးကို ကိုဗစ်က ဆွဲခေါ်သွားပြန်ပြီ

ကိုဗစ် အဲဒီလောက် ရက်စက်လိမ့်မယ်လို့ မထင်ထားခဲ့မိဘူး၊ အခုတော့ ကံမကောင်းခြင်း နံပတ် (၁၃) ဂဏန်း ဇန်နဝါရီလ (၁၃) ရက်နေ့မှာပဲ ကျန်းမာရေးဝန်ထမ်း (၃) ဦးကို ကိုဗစ်က ဆွဲခေါ်သွားခဲ့ပြန်ပါပြီ။ ကိုဗစ်ကူးစက်လူနာ အရေအတွက် လျော့ကျလာပေမယ့် သေဆုံးနှုန်းကတော့ မကျသေးဘဲ ဆက်လက် မြင့်တက်နေပါတယ်။ အဲဒါကြောင့် ကူးစက်မှု မရှိစေဖို့ အထူး သတိထားဖို့ လိုအပ်ပါတယ်။ ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ကျန်းမာရေးဝန်ထမ်း (၃) ဦးကိုလည်း…


အိမ်ရှေ့ အမွှေးတိုင်ထွန်းခြင်း (သို့) နာနာဘာဝတွေကို ဖိတ်ခေါ်နေတဲ့ အယူအဆတစ်ခု

ပုံမှန်အားဖြင့် ကိုယ့်အိမ်က ဘုရားစင်မှာ ဆွမ်းတော်တင်ထားတာက ကြွက်ကပဲ လာနှိုက်စားနိုင်တယ်။ သရဲက လာနှိုက်မစားနိုင်ဘူး။ ဒါပေမယ့် အိမ်ရှေ့မွှေးတိုင်ထွန်းလိုက်တာက သရဲတွေ အိမ်ထဲဝင်လာနိုင်တယ်လို့ ခွင့်ပြုပေးလိုက်တဲ့ သင်္ကေတဖြစ်တယ်။ မြင်အပ် မမြင်အပ်ဆိုတဲ့ထဲမှာ သရဲတွေလည်း ပါတယ်။ နေစရာရှိတဲ့သူကတော့ သာဓုခေါ်စရာရှိတာခေါ်၊ စားစရာရှိတာ စားပြီး ကိုယ့်နေရာကို ပြန်သွားမှာပဲ။ နေစရာမရှိတဲ့ ခပ်ဆိုးဆိုး သရဲတွေက မပြန်ပဲ အိမ်ထဲ နေနေခဲ့မယ်။ တောက အမျိုးတွေ အလည်ခေါ်တယ်။ အလုပ်အကိုင် အဆင်ပြေတဲ့…


အချိန်အခါမဟုတ် မိုးကြီးမည်

လေထု မငြိမ်မသက်ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသအချို့အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ခြောက်ခုတွင် အချိန်အခါမဟုတ် မိုးရွာနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတိပေးထားပါတယ်။ မြန်မာနိုင်ငံအတွင်းသို့ ပြင်ပမှ တိုးဝင်လာနေသည့် လေအေးများကြောင့် ဒေသအများစုတွင် လေထုမငြိမ်မသက်ဖြစ်ပေါ်နေ၍ အချိန်အခါမဟုတ် မိုးရွာသွန်းမည့် သတိပေးချက် ထုတ်ပြန်ခြင်းဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။ လတ်တလောရာသီဥတု အခြေအနေအရ ကချင်၊ ရှမ်းနှင့်ကယားပြည်နယ်၊ မန္တလေး၊ စစ်ကိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီးတွင်…


နိုင်ငံတော်ထောက်ပံ့ကြေးများ ယခုဇန်နဝါရီလအတွင်း ထပ်မံပေးအပ်မည်

နိုင်ငံတော်မှ အခြေခံလူတန်းစားများအတွက်ပေးအပ်သည့် ထောက်ပံ့ကြေးများကို ယခုဇန်နဝါရီလအတွင်းပေးအပ်မည်ဖြစ်ကြောင်းသိရသည်။ ဇန်နဝါရီ၁၂ရက် နိုင်ငံတော်ထောက်ပံ့ကြေးနှင့်ပတ်သက်၍ ဆက်သွယ်မေးမြန်းရာတွင် Dwave သတင်းဌာနသို့ အုတ်တွင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုကပြောသည်။ “တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ပေးမှာပေါ့။နှုန်းတော့ အတိအကျမနည်းသေးဘူး။ နှစ်သောင်းထက်တော့မနည်းတာသေချာတယ်။ဒီတစ်ခါတော့ ထောက်ပံ့ကြေးတွေကို အပြည့်အဝရမှာပါ။ဒီလထဲပဲပေးမှာပါ”ဟု ၎င်းကဆိုသည်။ နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ထောက်ပံ့‌ရာတွင်Stay at Home ပြင်ပတွင် ရှိသော အိမ်ထောင်စု (၁)စုလျှင် (၂၀၀၀၀)ကျပ်နှုန်း၊ Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း…


ကမ္ဘာပတ်လမ်းသို့ လွှတ်တင်တော့မည့် မြန်မာ့ အသေးစားဂြိုဟ်တု

မြန်မာနိုင်ငံသည် ၂၀၂၁ ခုနှစ်တွင် ပထမဆုံးဂြိုဟ်ထုကို ဂျပန်နိုင်ငံ၏(Orokokido) တက္ကသိုလ်နှင့်(Tohoku)တက္ကသိုလ်တို့၏ အကူအညီဖြင့် ကမ္ဘာပတ်လမ်းသို့ လွှတ်တင်မည်ဖြစ် ကြောင်း သိရသည်။ ထိုပရောဂျက်တွင် မြန်မာနိုင်ငံရှိ အမျိုးသားတက္ကသိုလ်တစ်ခုဖြစ်သော Myanmar Aerospace Engineering University မှဘွဲ့ရကျောင်းသားများသည် ဂျပန်နိုင်ငံသို့သွားရောက်၍ ၅၀ကီလိုဂရမ် အလေးချိန်ရှိ၍ တစ်ဖက်တွင် အများဆုံး ၅၀စင်တီမီတာအတိုင်းအတာရှိသော သေးငယ်သောဂြိုဟ်ထု(Micro Satellite)ကို ဂျပန်နိုင်ငံရှိ တက္ကသိုလ်များ၏အကူအညီကိုရယူ၍ တီထွင်ကာ လွှတ်တင်သွားမည်ဖြစ်ကြောင်း သိရသည်။ ထိုပရောဂျက်အတွက် ဂြိုဟ်ထုတည်ဆောက်မှုနှင့် လွှတ်တင်ရေးစရိတ်အပါအဝင်…


တက္ကသိုလ်ဝင်ခွင့် စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို အခမဲ့ကြည့်ရှုနိုင်မည်

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့် အခမဲ့ကြည့်ရှုနိုင်မည် ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုသူများ၏ အမှတ်စာရင်းကို ဇန်နဝါရီလ ၁၇ ရက်မှစ၍ Website မှတဆင့် အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၁၂ ရက်တွင် သတင်းထုတ်ပြန်သည်။ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ထိန်းချုပ်နိုင်ရေး သတ်မှတ်ချက်များနှင့် အညီ ဆောင်ရွက်နိုင်ရန် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုသူများ၏ အမှတ်စာရင်းကို ၂၀၂၁…


နာမည်ကြီးနေတဲ့ မိုးကောင်းမှ ကျောက်စိမ်းတောင် အကြောင်း …(ဖြစ်ရပ်မှန်)

နာမည်ကြီးနေတဲ့ မိုးကောင်းမှ ကျောက်စိမ်းတောင် အကြောင်း …. ဒီနေ့ ကျောက်စိမ်းတောင်ကို သွားရတဲ့ အကြောင်းရင်းက သတင်းမှန်နဲ့ ထူးခြားတဲ့ အကြောင်းကိစ္စနဲ့ ရောက်ဖြစ်သွားခြင်းပါ။ ကျောက်စိမ်းထွက်တဲ့ တောင်က ကျောက်မီးတောင်လို့ခေါ်ပါတယ်၊ မိုးကောင်းမြို့နယ်၊ အင်းကြင်းကုန်းကျေးရွာ ၊ ချောင်းဝ ( အင်းတော်ကြီး ) အနောက်ဘက်သွားတဲ့လမ်းကနေ့ ၆ မိုင် ခရီးကို တောင်တက်၊ တောင်ဆင်း ခပ်ကြမ်းကြမ်း ဆိုင်ကယ်စီးရပါမယ်၊ တစ်ချို့နေရာ အဆင်းဇောက်သလို့ အတက်မတ်ပါတယ်၊ ၎င်းကျောက်သည်…


နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF) မှ မြန်မာပြည် ကိုဗစ်အတွက် ဒေါ်လာသန်း (၃၅၀) ထုတ်ချေးပြီ..

နိုင်ငံတကာ ငွေကြေး ရံပုံငွေအဖွဲ့ (IMF) မှ မြန်မာပြည် ကိုဗစ်အတွက် ဒေါ်လာသန်း (၃၅၀) ထုတ်ချေးပြီ.. ကိုဗစ်-၁၉ ကပ်ရောဂါအား တိုက်ဖျက်နိုင်ရေးအတွက် နိုင်ငံတကာ ငွေကြေး ရံပုံငွေဘုတ်အဖွဲ့ (IMF) မှ မြန်မာအား ဒေါ်လာ သန်း ၃၅၀ အား အမြန် ထုတ်ချေးသွားရန် ယနေ့ အတည်ပြုလိုက်ပြီ ဖြစ်သည်။ ယခုအကြိမ်သည် ဒုတိယမြောက် ထုတ်ချေးခြင်း ဖြစ်ပြီး ၂၀၂၀ ဇွန်လအတွင်းကလည်း အလားတူ…


Made in Myanmar အမှတ်တံဆိပ်နဲ့ တံတားသံပေါင်တွေ ပြည်ပကို တင်ပို့နိုင်ပြီဖြစ်

အရင်က ပြည်တွင်းတံတားတွေအတွက် လိုအပ်တဲ့ တံတားသံပေါင်တွေကို ပြည်ပကနေ နိုင်ငံခြားငွေအမြောက်အများအကုန်အကျခံပြီး တင်သွင်းခဲ့ရတဲ့ မြန်မာဟာ အခုဆို လိုအပ်တဲ့ တံတားသံပေါင်တွေကို ပြည်တွင်းမှာပဲထုတ်လုပ်နိုင်နေပါပြီ။ ၂၀၁၄ကစလို့ ထုတ်လုပ်နေတာဖြစ်ပြီး ဒီဘက်နောက်ပိုင်း အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်စတဲ့ နိုင်ငံတွေဆီကိုတောင် Made in Myanmar အမှတ်တံဆိပ်နဲ့ တံတားသံပေါင်တွေတင်ပို့နေပါပြီ။ ဂျပန်-မြန်မာ နှစ်နိုင်ငံပူးပေါင်းတည်ထောင်ထားတဲ့ J&M Steel Solutions Co.,Ltd စက်ရုံဟာဆိုရင် ရန်ကုန် သာကေတမြို့နယ်မှာရှိပါတယ်။ Myanmar Harp ————— အရင်က…