w

မင်းကင်းမှာ ပီဒီအက်ဖ် တပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံထားရ

မင်းကင်းမှာ PDF တပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံထားရ စစ်ကိုင်းတိုင်း၊ ကလေးခရိုင် မင်းကင်းမြို့နယ် ပန်းဆက်တောင်ပြိုဘက်မှာ မနေ့က ဇူလိုင် ၂၈ရက်မှာ မင်းကင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅၀ကျော် ဖမ်းဆီးခံလိုက်ရတယ်လို့ မင်းကင်းပြည်သူ့ ကာကွယ်ရေးတပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ တစ်ဖက်က စစ်ကောင်စီမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တစ်ခုက စေ့စပ်ညှိနှိုင်းရေးလုပ်ဖို့ ပြောဆိုပြီး လက်နက်မယူဆောင်လာဘဲ လာရောက်ကြဖို့ ကမ်းလှမ်းတာကို သွားရောက်ကြရာကဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ လက်ရှိဖမ်းဆီးခံလိုက်ရတဲ့အထဲ PDF အဖွဲ့ဝင် ၅၇ယောက်ရှိတယ်လို့ဆိုပါတယ်။ ”…