virus

ကြွက်မစင်ကနေ ကူးစက်တဲ့ ဗိုင်းရပ်စ်အသစ်တမျိုး လူကိုလည်း ကူးစက်နိုင်ကြောင်း တွေ့ရှိ

ဘိုလီဗီးယားမှာဖြစ်ပွားခဲ့တဲ့ အော့အန်ခြင်း၊ သွေးထွက်ခြင်းအစရှိတာတွေကို ဖြစ်ပွားစေတဲ့ ရှားပါးဗိုင်းရပ်စ်ဟာ လူတစ်ဦးကနေ တစ်ဦးကို ကူးစက်စေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ကြပါတယ်။ အဆိုပါဗိုင်းရပ်စ်ဟာ အီဘိုလာဗိုင်းရပ်စ်နဲ့အလားသဏ္ဍာန်တူညီပြီး ကူးစက်ခံရသူ ငါးဦးမှာ သုံးဦးအထိ သေဆုံးစေနိုင်တဲ့အထိ ဆိုးကျိုးဖြစ်ပွားနေတယ်လို့ သိရပါတယ်။ ကြွက်ကတဆင့်ကူးစက်တဲ့ ဒီဗိုင်းရပ်စ်ကို ၂၀၀၄ ခုနှစ်က ဘိုလီဗီးယားမြို့တော် လာပါ့ဇ်ရဲ့ အရှေ့ဘက် မိုင် ၃၇၀ အကွာက Chapare ကျေးလက်ဒေသမှာ တွေ့ရှိခဲ့တာဖြစ်ပြီး အဆိုပါနာမည်ကိုပဲ ပေးခဲ့ကာ Charpare Virus…