UEC

မဲရုံတာဝန်ကျ ဆရာမ ၂ ဦး ကိုဗစ်-၁၉ ရောဂါဖြင့်ကွယ်လွန်

၂၀၂၀ အထွေထွေရွေးကောက်ပွဲအတွင်း မဲရုံ‌တွေမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမ ၂ ယောက်ဟာ ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများ အဖွဲ့ချုပ်ကနေ သိရပါတယ်။ ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ အမက(ဖို့မြေ)က အလယ်တန်းပြဆရာမ တစ်ယောက်နဲ့ ဗိုလ်တထောင်မြို့နယ်၊ အထက(၂)က အလယ်တန်းပြဆရာမ တစ်ယောက်တို့ ကိုဗစ်-၁၉ ကူးစက်ခံရပြီး သေဆုံးခဲ့တာဖြစ်ပါတယ်။ သေဆုံးသွားတဲ့ ဆရာမနှစ်ယောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ မဲရုံတွေနဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ…


တိုင်းရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး မဲရုံအဖွဲ့ဝင် စုစုပေါင်း ၆၀ ကျော် ကိုဗစ်ကူးစက်ခံရ

၂၀၂၀ ခုနှစ်၊ နိုဝင်ဘာ လ၊ ၁၉ ရက်။ ရွေးကောက်ပွဲ ကာလအတွင်း ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင်မှ ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင် အပါအဝင် မဲရုံအဖွဲ့ဝင် စုစုပေါင်း ၆၀ ကျော် ကိုဗစ်ကူးစက်ခံရကြောင်း တိုင်းရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးရဲ့ သတင်းထုတ် ပြန်ချက်အရ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်း ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်မှ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာမှာ…