u zaw zaw

ကိုဗစ်ကာကွယ်ဆေး ဝယ်ဖို့ ဦးဇော်ဇော်က အစိုးရကို သိန်း နှစ်သောင်း လှူဒါန်းလိုက်ပြီ

ကိုဗစ်ကာကွယ်ဆေး ဝယ်ဖို့ ဦးဇော်ဇော်က အစိုးရကို သိန်း နှစ်သောင်း လှူဒါန်းလိုက်ပြီ ကိုဗစ်ကပ်ရောဂါကာကွယ်ကုသရေးအတွက် ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် အတတ်နိုင်ဆုံးကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ကိုဗစ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဗဟိုကော်မတီမှ စီမံဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးဝယ်ယူနိုင်ရန် အတွက်ကိုလည်း ငွေကျပ် (၂)ဘီလီယံကို လှူဒါန်းခဲ့ပါသည်။ ကိုဗစ် ကပ်ရောဂါကို ကျော်လွှားနိုင်ရန်အတွက် နိုင်ငံတော်အစိုးရ၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနတို့၏ ဦးဆောင်မှုဖြင့် ကျရာနေရာမှ အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ကမ္ဘာသူကမ္ဘာသားများအနေဖြင့် ကပ်ရောဂါအမြန်ဆုံးကင်းစင်၍ လူသားတို့၏ ပုံမှန်ဘဝကို…


ကထိန်ရရှိဖို့ မသေချာတဲ့ ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်းအတွက် သိန်း(၁၀၀) လှူဒါန်းခဲ့တဲ့ ဦးဇော်ဇော် တို့မိသားစု

ရခိုင်ဒေသမှဘုန်းတော်ကြီးကျောင်း (၁၀)ကျောင်းကထိန် ခင်းနိုင်ရန်အတွက်ဦးဇော်ဇော်၏ Max Myanmar group လုပ်ငန်းခွဲတစ်ခုဖြစ်သောမက်စ်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ အလှူငွေ ကျပ်သိန်း(၁၀၀)ဆက်ကပ်လှူဒါန်း ကိုဗစ်အကျပ်အတည်းကာလတွင် ကထိန်ရရှိရန် မသေချာဖြစ်နေသော ရခိုင်ဒေသမှ ဘုန်းတော်ကြီးကျောင်း (၁၀) ကျောင်း ကထိန်ခင်းနိုင်ရန်အတွက် မက်စ်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ တစ်ကျောင်းလျှင် ကထိန်မတည်အလှူငွေ ကျပ်(၁၀)သိန်းစီဖြင့် စုစုပေါင်း အလှူငွေ ကျပ်သိန်း(၁၀၀) ကို ရန်ကုန်မြို့ရှိအောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်း တိုက်မှတစ်ဆင့် မတည်လှူဒါန်းခဲ့ပါသည်။ ကထိန်ခင်းနိုင်ရန်အတွက် မတည် လှူဒါန်းပေးခဲ့သော ကျောင်းတိုက်များမှာ ကျောက်တော်မြို့နယ်မှ ငှက်ပျောချောင်းကျောင်း၊…