shwedigon pagoda

ရွှေတိဂုံစေတီရဲ့ တန်ဆောင်မုန်းလပြည့်နေ့ အစီအစဉ်တွေကို အွန်လိုင်းကသာ ဖူးမြော်ရမည်

ကိုဗစ်၁၉ကြောင့် ဘုရားစေတီတွေကို ဖူးမြော်ခွင့်ပိတ်ထားတဲ့အတွက် လာမယ့် တန်ဆောင်မုန်းလပြည့်နေ့မှာ ရွှေတိဂုံစေတီတော်ရဲ့ ကျင်းပမယ့် အစီအစဉ်တစ်ချို့ကို အများပြည်သူဖူးမြော်နိုင်ဖို့ လူမှုကွန်ရက်ကနေသာ ထုတ်လွှင့်နိုင်မယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့က သိရပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့မတိုင်မီ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ မသိုးသင်္ကန်းရက်လုပ်ပြိုင်ပွဲနဲ့ တန်ဆောင်မုန်းလပြည့်နေ့ ကပ်လှူတဲ့အခမ်းအနားကိုလည်း ပုံစံပြောင်းပြီး ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဒီနှစ်က ၂၉ရက်နေ့က လပြည့်နေ့ ၊ ပုံမှန်ဆို ၂၈ရက်နေ့ဆို မသိုးသင်္ကန်းရက်ပြိုင်ကြရမယ်။ ပြီးရင်ဆုပေးပွဲလုပ်တယ် ။ ၂၉ရက်မနက်ဆို အစောကြီးသင်္ကန်းကပ်ကြမှာပေါ့။အခုတော့…