police

ရွှေ ၂ ပိဿာခွဲနဲ့ ငွေကျပ် သိန်း ၄၉၀ ပါ ယူဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲခံထားရတဲ့ CDM ပြုလုပ်လာတဲ့ ရဲတပ်ကြပ်ကြီး မောင်သံ(ခ) ဇော်ဝင်းမင်းရဲ့ ပြောပြဖြေရှင်းချက်

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ရဲဘော်တွေအနေနဲ့ စစ်အာဏာရှင်လက်အောက်က ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ထွက်လာခဲ့ကြစေချင်တယ်လို့ ပြည်သူနဲ့ပူးပေါင်း အာဏာဖီဆန် CDM ပြုလုပ်လာတဲ့ ရဲတပ်ကြပ်ကြီး မောင်သံ(ခ) ဇော်ဝင်းမင်းက ပြောကြားလိုက်ပါတယ်။ စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရဲစခန်းကနေ ထွက်ပြေးလာစဉ် G3 သေနတ်တစ်လက်နဲ့ ကျည်တောင့် ၁၂၀ သာယူလာပြီး သူ့အပေါ်မှာ စွပ်စွဲထားတဲ့ ရွှေ ၂ ပိဿာခွဲနဲ့ ငွေကျပ် သိန်း ၄၉၀ ပါ ယူဆောင်သွားတယ်ဆိုတဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ဘူးလို့လည်း…