pdf

ခရိုင်ရဲစခန်းကို PDFက ဝင်ရောက်စီးနင်း D-Day အစ ခရိုင်ရဲစခန်းကလား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ခရိုင်ရဲစခန်းအား ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရဲအချို့ ဒဏ်ရာရရှိသွားခဲ့သည်။ ယမန်နေ့ (ဩဂုတ် ၂၇ ရက်) ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မင်းဘူး(စကု) ပြည်သူ့ကာကွယ်ရေးတပ်၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။ “ ညပိုင်းစခန်းထဲကို ဗုံးနှစ်လုံးနဲ့ပစ်လိုက်တာ တစ်လုံးကွဲတယ်။ ဗုံးက လက်လုပ်ဗုံးမဟုတ်ပါဘူး။ အစစ်ပါ။ ဗုံးကွဲတော့ စခန်းထဲက သေနတ်တွေနဲ့ရမ်းပြီးတော့ ပစ်တယ်။ ကျွန်တော်တို့လဲ နေရာယူထားတဲ့နေရာက ပြန်ပစ်ပြီး…


PDF များကို လက်နက်၊ အစားအသောက်ထောက်ပံ့ပေးဖို့ ကိစ္စ အသေးစိတ်မပြောနိုင်သေးဟု NUG ဆို

နယ်မြေဒေသအသီးသီးတွင် ဖွဲ့စည်းထားသောအဖွဲ့များအတွက် လက်နက်၊ အစားအသောက်နှင့် လိုအပ်သော အထောက်အပံ့များ NUG ဘက်က မပေးသည့်ကိစ္စကို မီဒီယာများတစ်ခုက မေးမြန်းခဲ့ပြီး အသေးစိတ်မပြောနိုင် သေးကြောင်းနှင့် ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း NUG တာဝန်ရှိသူများက ပြောကြားလိုက်သည်။ သြဂုတ်လ(၂၄)ရက်က ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဒေသခံ၊ ရွာခံ၊ နယ်ခံ PDF များကို NUG ဘက်က အထောက်အပံ့များပေးခြင်းမရှိကြောင်း အသံထွက်လာနေသည့်အတွက် မီဒီယာတစ်ခုက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။ “ အားလုံးလွှမ်းခြုံတဲ့ အနေအထားမျိုးနဲ့…


ဧရာဝတီ မြို့လေးမြို့မှ လူပုဂ္ဂိုလ်(၆၀)ကျော်ကို ဒလန်ဟုသောခေါင်းစဉ်ဖြင့်သတိပေးထားပြီ

ပုသိမ်၊ ရေကြည်၊ ငါးသိုင်းချောင်း၊ အသုတ် အစရှိသည့် မြို့များမှ အသတ်ခံရနိုင်ခြေရှိသည့်သူများစာရင်းဟူ၍ PDF နှင့်ချိတ်ဆက်ထားသည့် မြစ်ဝကျွန်းပေါ် ပြောက်ကျားစစ်ဆင်ရေးတပ်ပေါင်းစုက ထုတ်ပြန်ကြေညာသတိပေးနေသည်ကို တွေ့ရသည်။ မြစ်ဝကျွန်းပေါ်ပြောက်ကျားစစ်ဆင်ရေး တပ်ပေါင်းစုဆိုသည့် လူမှုကွန်ရက်မှတစ်ဆင့် လူနာမည်စာရင်းများကို အတိအလင်းထုတ်ဖော်သတိပေးခဲ့ခြင်းဖြစ်ပြီး အဆိုပါဖော်ပြခံရသူများမှာ စစ်ကောင်စီနှင့် ပတ်သက်နေသည်ဟု အတိအလင်းရေးသားထားသည်ကို တွေ့ရသည်။ သြဂုတ်လ(၂၂)ရက်၌ ထုတ်ပြန်လာသောအချက်အလက်တွင် “ ရေကြည်၊ အသုတ်၊ ငါးသိုင်းချောင်းမြို့မှ စစ်အကြမ်းဖက်အုပ်စု၏ လက်ပါးစေများ။ သတိကြီးကြီး ထားကြသင့်ပြီ။ ခင်ဗျားတို့အတွက် စိတ်အေးသက်သာရှိရာနယ်မြေဟူ၍…


D Day အတွက် ပြည်သူ့ကာကွယ်ရေး PDF ဆေးတပ်ကို ဖွဲ့စည်းလိုက်ပြီ

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေကြတဲ့ နွေဦးတော်လှန်ရေးအတွက် လိုအပ်တဲ့ ပြည်သူ့ကာကွယ်ရေး PDF ဆေးတပ်ကို ဖွဲ့စည်းလိုက်ပြီလို့ သိရပါတယ်။ “အခက်အခဲတွေကြားထဲက ပြင်ဆင်မှုတွေ Training တွေ အပြီးမှာတော့ ကျနော်တို့ တော်လှန်ရေးအတွက် လိုအပ်နေတဲ့ Medical Team တခုကို တည်ဆောက်နိုင်ခဲ့ပါပြီ။ ကျန်တဲ့ Teamတွေအတွက်ကိုလည်း ကျနော်တို့ ပြင်ဆင်နေပါတယ်”လို့ PDF ဆေးတပ်ဖွဲ့က ဆိုပါတယ်။ဒါ့အပြင် တော်လှန်ရေးအတွက် လုပ်ငန်းစဉ်တွေအတွက်.. အလှူရှင်တွေလည်း လိုအပ်နေတာမို့ ပါဝင်ကူညီချင်သူတွေအနေနဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာကတဆင့် ဆက်သွယ်နိုင်ကြောင်းလည်း…


pdf တိုင်းပြုကျင့်ရမည့် ကျင့်ဝတ် ၂၈ ပါး

ထပ်ရောက်လာမည့် PDF ရဲဘော်များအတွက် စစ်သားတစ်ယောက်၏ တာဝန်ဝတ္တရားများ 1) အမိန့်ကိုတိတိကျကျလိုက်နာရမည် ။ 2) အမြဲတမ်းသတိရှိရမည် ။ 3) သွက်လပ်မှုရှိရမည် ။ (မျက်စိ၊နား၊နှာခေါင်း၊လည်ချောင်း) 4) လူထုအခြေအနေ၊နယ်မြေအခြေအနေတို့၏ ထူးခြားချက်ကိုခွဲခြားဝေဖန်နိုင်ရမည် ။ 5) စည်းကမ်းသေသပ်မှုရှိရမည် ။ 6) အမြဲတမ်းအသင့်ရှိရမည် ။ 7) သပ်ရပ်သန့်ရှင်းရမည် ။ စစ်ရေးတာဝန် အားလပ်ချိန်တွင် ပြည်သူလူထုကို အကျိုးပြုရမည်။ 9) စာပေ လေ့ကျင့်ဆည်းပူးရမည်…


PDFတွေ နေပြည်တော်-ပင်လောင်း အနီးက တနေရာကို ဝိုင်းထားပြီ

နေပြည်တော်အတွက် သတင်းကောင်း သတင်းထူးရှိနိုင်ပါတယ်။ PDFတွေက နေပြည်တော်-ပင်လောင်း အနီးကတနေရာကို ဝိုင်းထားလို့ နေပြည်တော်ကတပ်တွေ ပြာယာခတ်နေပြီလို့ ကြားရပါတယ်။ မြို့ကိုအဝင်/အထွက်တွေကိုလည်း ပိတ်ချထားပြီး စစ်လေယာဉ်တွေ တစ်စီးပြီးတစ်စီးဆင်းနေတယ် လို့ဒေသခံတွေဆီကသိရ (စစ်လေယာဉ်ကိစ္စ unverified) တပ်တွင်းကိုမေးမြန်းကြည့်တာတော့ ပြည်သူဖက်ပါပြီး CDMလုပ်ချင်နေလို့စောင်ကြည့်ခံထားရတဲ့ စစ်သားတွေကိုပါ လက်နက်တွေပေးပြီး အလုပ်ပြန်ဆင်းခိုင်းနေပြီး အဆိုးဆုံးအခြေနေမှာရှိနေတယ်လို့ အကြောင်းပြန်လာပါတယ်။ တောင်ကြီးနွေဦးချန်နယ်က စုံစမ်းကြည့်ရသလောက်ဆို ရန်ကုန် နဲ့ တောင်ကြီးကနေလည်း ဆီဘောက်ဆာ၊ စစ်ကားတွေ အင်အား၊လက်နက်အပြည့်နဲ့ ခါတိုင်းနဲ့မတတူပဲ ဖြတ်သွားတယ်လို့…