min aung hlaing

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၂၀၂၁ ခုနှစ်တွင် အငြိမ်းစားယူမည်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၂၀၂၁ ခုနှစ်တွင် အသက် ၆၅နှစ် ပြည့်ပြီဖြစ်သဖြင့်အငြိမ်းစားယူမည်ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောကြားသည်။ နေပြည်တော်ရှိ စစ်သမိုင်းပြတိုက်တွင် ယနေ့ (နိုဝင်ဘာ ၂၇)ကျင်းပသည့် တပ်မတော်သတင်းမှန်ပြန်ကြားရေး အဖွဲ့၏သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခြင်းဖြစ်သည်။ ကာကွယ်ရေးဌာနကောင်စီ (ကကန) က ၂၀၁၆ ခုနှစ်တွင်ထုတ်ပြန်ထားသည့်အမိန့်အရ ဗိုလ်ချုပ်မှူးကြီးသည် အသက်၆၅နှစ်အထိ တာဝန်ထမ်းဆောင်နိုင်ကြောင်းသတ်မှတ်ထားသည်။ ယင်းအမိန့်တွင် သတ်မှတ်ထားသည့် တာဝန်ထမ်းဆောင်နိုင်သည့်အသက်အရွယ်ကို ထပ်မံတိုးမြှင့်သတ်မှတ်ရန် အမိန့်ကိုပြင်ဆင်သတ်မှတ်နိုင်သေးသလောဟု သတင်းမီဒီယာကမေးမြန်းချက်အပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ကျွန်တော်သိသလောက်ကဒါနဲ့ပတ်သက်ပြီး အမိန့်ဆိုတာက…