mandalay

မန္တလေးမြို့က အကြိုက်ဆွဲ ၂၀၀ ကျပ်ထမင်း

မန္တလေးမြို့က အကြိုက်ဆွဲ ၂၀၀ ကျပ်ထမင်း ရွှေဘုန်းလူငယ် ပရဟိတအသင်းက ဦးစီးပြီး ရောင်ချတာဖြစ်ပါတယ်ဒီနေ့မှာတော့ ( ၃ – ၁၂ – ၂၀၂၁ ) ရက်နေ့ အလှူရှင် ရှိသောကြောင့် အဝစား ( ၂၀၀ ) ကျပ်နဲ့ ရောင်းချတာပါ။ .. ပုံမှန်အားဖြင့် အဝစား ၅၀၀ ကျပ်နဲ့ ရောင်ချပေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက် ဟင်းလျာများကတော့ ငါးကြော်နှပ်ချက်၊ ခရမ်းသီးချက်၊ ငါးခေါင်းသီးစုံဟင်းရည်၊…


မန္တလေးက ကြွေလွင့်ခဲ့ရတဲ့ ဆရာဝန်လေးအမှု တရားခံမိပြီ

မန္တလေးမြို့အရှေ့ပြင်ဖက် ပုသိမ်ကြီးမြို့ နယ် လိမ်ပင်ကွက်သစ် ပြင်ဦးလွင်လမ်းသစ်တွင် အောက်တိုဘာ ၂၈ ရက်နေ့ ည၈ နာရီလောက်က ဒေါက်တာ ကျော်စိုးထက်ဟာ ဆိုင်ကယ်၊ ဖုန်း၊ ပိုက်ဆံ အလုခံရပြီး ထိုးသွင်း ဒဏ်ရာဆယ်ချက်ကျော်နဲ့ ကွယ်လွန်ခဲ့ရပါတယ်။ အခင်းဖြစ်နေရာမှာ လုယက်သူတွေရဲ့ ဖိနပ်နှစ်ရံရော အသုံးပြုတဲ့ သံဒုတ် / ဓား အကုန်ကျန်ခဲ့ပါတယ်။ ဒီနေ့မှာတော့ ဆရာဝန်လေးကို လုယက်သွား တဲ့တရားခံတွေကို မိပြီပဲဖြစ်ပါတယ်။ ပရိသတ်ကြီးအတွက် တရားခံတွေရဲ့ပုံရိပ်တွေကိုဖော်ပြပေးလိုက်ပါတယ်နော်။ ဒေါက်တာ…


ဟိုတယ်မန္တလေး မန်နေဂျာကို အရေးယူ

ဟိုတယ်မန္တလေး မန်နေဂျာကို သဘာဝဘေး/စီမံ ဥပဒေဖြင့် အမှုဖွင့်အရေးယူ၊ တားမြစ်ချက် မလိုက်နာဘဲ ဧည့်သည် လက်ခံတည်းခိုခွင့်ပြုရာမှ ရောဂါကူးစက် ပြန့်ပွားစေသဖြင့် အရေးယူခြင်းဟု တိုင်းဝန်ကြီးချုပ်ပြော၊ ကိုဗစ် ကာလ ဟိုတယ်များ ယာယီပိတ်သိမ်းထားရန် ညွှန်ကြားထားသည်ကို မလိုက်နာဘဲ ရန်ကုန်ပြန်ဧည့်သည် လက်ခံတည်းခိုခွင့် ပြုခဲ့သည်ဟုဆိုကာ မန္တလေးမြို့ ရ၈လမ်းပေါ်ရှိ ဟိုတယ်မန္တလေးမှ မန်နေဂျာအမျိုးသားကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေဖြင့် အရေးယူထားကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ သတင်းရရှိသည်။ “ဟိုတယ်မန္တလေး၊ ကျွန်တော်တို့…


မန္တလေးမှာ ရက်ပိုင်းအတွင်း ကိုဗစ်လူနာ ၃ ဆကျော်မြင့်တက်၊ မြို့တော်ဝန်ကြီး မေတ္တာရပ်ခံပြီ

မန္တလေးမြို့၌ ရက်ပိုင်းအတွင်း ကိုဗစ် ရောဂါ အတည်ပြုလူနာ သုံးဆကျော် မြင့်တက်လာသောကြောင့် မြို့သူ၊မြို့သားများ အနေဖြင့် တန်ဆောင်တိုင်ရုံးပိတ်ရက် ကာလအတွင်း လည်ပတ်သွားလာခြင်းများ မပြုလုပ်စေလိုကြောင်း မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က ဖေ့စ်ဘွတ်ခ်တွင် ရေးသားလိုက်ပါတယ်။ မန္တလေးမြို့ပေါ် စည်ပင်နယ်နမိတ် (၆)မြို့နယ်အတွင်း နိုဝင်ဘာ(၂)ရက်က ကိုဗစ် အတည်ပြုလူနာ (၄၈၈)ဦးသာ ရှိခဲ့ရာမှ နိုဝင်ဘာ (၂၇)ရက်တွင် (၁၈၃၄)ဦး ရှိလာသဖြင့် ရက်ပိုင်းအတွင်း သုံးဆကျော် မြင့်တက်လာသည်ဟု ၎င်းက ဆိုသည်။ ထို့အပြင်…


မန်းမြို့တော် ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားပြီ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဘူတာကြီးရှေ့က မန်းမြို့တော်ပေါက်စီဆိုင် ပိုင်ရှင် အသက် ၆၀ အရွယ် အမျိုးသားကြီးဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒီကနေ့မနက် အစောပိုင်းမှာပဲ ဆေးကုသမှုခံယူနေရင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ “မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်က ဒီကနေ့မနက် ၆:၃၀လောက်မှာ ဆုံးသွားတာပါ၊ အိုင်စီယူ မှာ တက်ရောက်ကုသနေတဲ့ မန္တလေးမြို့က နာမည်ကြီးပေါက်စီဆိုင်ပိုင်ရှင်ဖြစ်ပါတယ်”လို့ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းတစ်ဦးက အတည်ပြုပြောပါတယ်။ မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ဟာ နိုဝင်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှု…