man myo taw

မန်းမြို့တော် ပေါက်စီဆိုင်ပိုင်ရှင် ကိုဗစ်ရောဂါနဲ့ကွယ်လွန်သွားပြီ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ဘူတာကြီးရှေ့က မန်းမြို့တော်ပေါက်စီဆိုင် ပိုင်ရှင် အသက် ၆၀ အရွယ် အမျိုးသားကြီးဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး ဒီကနေ့မနက် အစောပိုင်းမှာပဲ ဆေးကုသမှုခံယူနေရင်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ “မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်က ဒီကနေ့မနက် ၆:၃၀လောက်မှာ ဆုံးသွားတာပါ၊ အိုင်စီယူ မှာ တက်ရောက်ကုသနေတဲ့ မန္တလေးမြို့က နာမည်ကြီးပေါက်စီဆိုင်ပိုင်ရှင်ဖြစ်ပါတယ်”လို့ အမည်မဖော်လိုသူ ဆေးရုံဝန်ထမ်းတစ်ဦးက အတည်ပြုပြောပါတယ်။ မန်းမြို့တော်ပေါက်စီဆိုင်ပိုင်ရှင်ဟာ နိုဝင်ဘာ ၁၂ရက်နေ့က ကိုဗစ်ပိုးတွေ့ပြီး မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က ဧရာဝတီ ကိုဗစ်ကုသရေးစင်တာမှာ ဆေးကုသမှု…