တရုတ်ကလည်း ရုရှားဆီ တင့်ကားတွေပြန်ပို့၊ ဘာတွေဖြစ်နေကြတာ
Type-96 ပင်မတိုက်ပွဲဝင်တင့်ကားတွေအပါအဝင် အခြားစစ်ဘက်ဆိုင်ရာ ကျည်ကာယာဉ်များ၊ စစ်လက်နက်ပစ္စည်းများကို ရထားပေါ်တင်ဆောင်လျက် ရုရှားဆီကို ရောက်ရှိလာတယ်လို့သိရှိရပါတယ်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနကတော့ ၎င်းတင့်ကားတွေနဲ့ အမှတ် ၇၅ ကြည်းတပ်ဖွဲ့တွေဟာ International Army Games 2021 အတွက် ရောက်လာတာဖြစ်တယ်လို့ထုတ်ပြန်ပါတယ်။ ရထားကို အကောက်ခွန်အရာရှိတွေဟာ လုပ်ထုံးလုပ်နည်းအတိုင်း စေ့စေ့စပ်စပ်စစ်ဆေးခဲ့တယ်လို့လည်းဆိုပါတယ်။ တရုတ်တပ်မတော်ဟာ International Army Games 2021 ပြိုင်ပွဲ ၃ ပွဲကို တရုတ်မှာ ဩဂုတ် ၂၂ ကနေ…