ဆရာ၊ဆရာမ တစ်ယောက်ကို မြင်ရုံနဲ့ ဘယ်အတန်းမှာ သင်နေတယ်ဆိုတာ သိနိုင်တဲ့ နည်းလမ်း
ကျောင်း တစ်ကျောင်းသို့ ဝင်လိုက်တာနဲ့ ထိုထိုသောဆရာ/မများသည် မည်သည့်အတန်းကို သင်ကြားပို့ချပေးနေသောသူဟု အတတ်သိစေခြင်းဌာ…..။ (၁) မျက်နှာအမူအရာမှာ ရွှင်လန်းတက်ကြွနေပြီး စိတ်သောကများမရှိဘဲ ပြုံးပျော်နေသော ပုံစံကို တွေ့မြင်ရပါက ထိုထိုသော ဆရာ/မများသည် KG မှ နှစ်တန်းအထိ သင်ပြပေးနေသူများအဖြစ် ခန့်မှန်းနိုင်ပါသည်။ (၂) ဆံပင်များဖြီးသိမ်းထားခြင်းမရှိ၊ ထဘီ-ပုဆိုးကို တိုတိုဝတ်ထားပြီး စကားပြောရင် အသံကျယ်ပါက ထိုထိုသောသူတို့သည် ၃တန်း၄တန်းကို သင်ပြနေကြသူများပင်တည်း။ (၃) တွေ့မိသမျှလူတိုင်းကို စကားဖောင်ဖွဲ့တဲ့အခါတိုင်းရူးချင်တဲ့စိတ်တွေဖြစ်လာမိကြောင်းကို အသံအစ်အစ်ဖြင့် ပြောလျှင့်…