CRPH

ကျနော်တို့လဲ CRPH ကမီးစိမ်းပြပြီဆိုတာနဲ့…..ဘာလုပ်ရမလဲဆိုတော့

KNU တပ်မဟာ(၁) သထုံခရိုင်၊ မွန်ပြည်နယ် KNU တပ်မဟာ(၂) တောင်ငူခရိုင်၊ ပဲခူးတိုင်း၊ ကယားပြည်နယ်စပ် KNU တပ်မဟာ(၃) ညောင်လေးပင်၊ ကျောက်ကြီးခရိုင် ပဲခူးတိုင်း KNU တပ်မဟာ(၄) မြိတ်၊ ထားဝယ်ခရိုင် တနသာင်္ရီတိုင်း KNU တပ်မဟာ(၅) ဖာပွန်၊ မူတရော်ခရိုင် ကရင်ပြည်နယ် KNU တပ်မဟာ(၆) ဒူပလာယာ၊ ကြာအင်းဆိပ်ကြီး ကရင်ပြည်နယ် KNU တပ်မဟာ(၇) ဖား(ဘား)အံခရိုင်၊ ကရင်ပြည်နယ် ဒါလက်ရှိမြို့တွေပေါ်ထိ ပြည်သူကိုလိုက်စောင့်ရှောက်နေတဲ့တပ်တွေ…


ICJ တွင် အသိအမှတ်ပြု ခံရခြင်းသည် နစက ကို တရားဝင်အဖြစ် အသိအမှတ်ပြုခြင်းပင်ဖြစ်ဟု ဆို

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တွင် စစ်ကောင်စီကိုယ်စားလှယ်အား အသိအမှတ်ပြုခြင်းသည် နစက အစိုးရ အား တရားဝင် အသိအမှတ်ပြုခြင်းပင်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဩဂုတ်လ ၂၇ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) သို့တက်ရောက်ရန် NUG မှ ဦးကျော်မိုးထွန်းနှင့် စစ်ကောင်စီမှ ကိုယ်စား လှယ် ဦးကိုကိုလှိုင်တို့အား စာရင်းတင်းသွင်းခဲ့ကြရာ စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့် ပြည် ထောင်စုရှေ့နေချုပ် ဒေါ်သီတာဦးတို့အား အသိအမှတ်ပြုလက်ခံကြောင်း…


ပြည်သူ သန်း၅၀ကျော်အတွက် အောင်ပွဲတွေလာပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး သတင်းစကားပါး

မေ၂၆ရက် ပြည်သူသန်း၅၀ကျော်အတွက် အောင်ပွဲတွေလာပြီလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး သတင်းစကားပါး ပြောကြားလိုက်ပါတယ်။ မေလ၂၆ရက်မှာ လူမှုကွန်ရက်ကနေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ရေးသားပြောကြားခဲ့ပါတယ်။ “ရက်ပိုင်း၊လပိုင်းအတွင်းမှာ အားလုံးအနေအထားတွေပြောင်းပြန်ဖြစ်သွားနိုင်တယ်။အပေါ်ကအောက်၊ အောက်ကအပေါ်၊ဖိသူကခံရသူ၊ခံရသူက ဖိသူ အဲဒီလိုဖြစ်ရင် ကိုယ်ဘယ်နေရာမှာနေပြီး ဘာလုပ်မလဲဆိုတာ ပြင်ဆင်ထားဖို့လိုတယ်။။ ပြည်သူကအဆုံးအဖြတ်ပေးမယ်။အားလုံးပြင်ဆင်ထားကြ၊ပြည်သူ့တော်လှန်ရေး၊ပြည်သူ့အရေးတော်ပုံ အရှိန်အဟုန်နဲ့လာပြီ။အလှည့်ကျ မနွဲ့မစတမ်း။ပည်သူသန်း၅၀ကျော်အတွက်အောင်ပွဲတွေလာပြီ။တိုက်မောင်းသံစောင့်ရင်း ဓားသွေးကြ“လို့ဆိုပါတယ်။ ဒါ့အပြင် စားစရာနဲ့ဆေးဝါးများလည်း စုထားဖို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ စစ်အာဏာရှင် စနစ်ကို ခုခံကာကွယ်တဲ့ ခုခံမှုတွေကို ချင်းပြည်နယ်၊ရှမ်းပြည်နယ်၊ကချင်ပြည်နယ်နဲ့ကယားပြည်နယ်စတဲ့နေရာတွေမှာ စတင်နေပြီဖြစ်ပါတယ်။…


စစ်ရေးအရတွန်းလှန်တိုက်ရန် CRPH ၏ဆုံးဖြတ်ချက်သည် လုံးဝမှန်သဖြင့် CRPH ကို ထောက်ခံတယ်လို့ ရှေ့နေ ဦးကြီးမြင့်ဆို

မေ၂၆ရက် အာဏာသိမ်းအဖွဲ့ကိုစစ်ရေးအရတွန်းလှန်တိုက်ရန်CRPH၏ဆုံးဖြတ်ချက်သည်လုံးဝမှန်သဖြင့်သည်CRPHကိုထောက်ခံတယ်လို့ ရှေ့နေ ဦးကြီးမြင့်ဆိုပါတယ်။ မေလနောက်ဆုံးပတ်မှာ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ရေးသားပြောကြားခဲ့ပါတယ်။ “ဘာ့ကြောင့်CRPHကို ယုံကြည်ချက်ပေးရတာလဲ။CRPHကတိုင်းရင်းသားတွေကိုဘိတ်ခေါ်ပါဝင်စေပြီ ၂၀၀၈ကိုဖျက်သိမ်းကြောင်းကြေညာလိုက်ပြီ ဒါ့ပြင် စစ်အာဏာရှင်ဆိုသည်သူတသက်လုံးပုံသဏ္ဌာန်မျိုးစုံနဲ့ အုပ်ချုပ်လိုသူတွေဖြစ်ကြောင်းနဲ့ သဟဇာတရင်ကြားစေ့ရတော့မဲ့သူတွေမဟုတ်ကြောင်း တိုင်ရင်းသားများနဲ့ထပ်တူ NLDလည်း လက်တွေ့ဖြစ်ရပ်တွေအရ သိသွားခဲ့ပြီဒါကြောင့် တိုင်ရင်းသားများနဲ့ပူးပေါင်း၍ စစ်အာဏာရှင်အာဏာသိမ်းအဖွဲ့ကို စစ်ရေးအရ တွန်းလှန်တိုက် CRPH၏ ဆုံးဖြတ်ချက်သည် လုံးဝမှန်သဖြင့် သည်CRPHကို ထောက်ခံရန်ဆုံးဖြတ်လိုက်ခြင်းပါသည်“လို့ ဆိုပါတယ်။ CRPHဟာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်ပြီးတော့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်များနဲ့စုဖွဲ့ထားတာဖြစ်ပါတယ်။ လက်ရှိမှာ စစ်အာဏာရှင်ချုပ်ငြိမ်းနဲ့…