covid vaccine

ကိုဗစ် ကာကွယ်ဆေး မထိုးသင့်တဲ့သူတွေကို ကျန်းမာရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်ပြီ

ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင်တွေ အပါအဝင် ကိုဗစ် ကာကွယ်ဆေးမထိုးသင့်တဲ့ လူအုပ်စုတွေအကြောင်းကို မြန်မာပြည် ကျန်းမာရေးဝန်ကြီးဌာနက တရားဝင် ထုတ်ပြန်ပေးလိုက်ပါတယ်။ ဇန်နဝါရီ (၂၃) ရက်ကထုတ်ပြန်လိုက်တဲ့ “ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်သောမေးခွန်းနှင့်အဖြေများ (အပိုင်း-၂)” မှာ ထည့်သွင်းထုတ်ပြန်ပေးလိုက်တာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကို ကိုဗစ်အတည်ပြုလူနာတွေ၊ သံသယလူနာနဲ့ ရောဂါလက္ခဏာပျောက်ကင်းပြီး (၁၄) ရက် မကျော်သေးတဲ့သူတွေ မထိုးရပါဘူး။ ကိုဗစ်သံသယ လက္ခဏာတွေဖြစ်တဲ့ ချောင်းဆိုး၊ ဖျားနာ၊ အနံအရသာပျောက်နေသူတွေ၊ အသက်ရှုရခက်ခဲသူတွေ ကာကွယ်ဆေးမထိုးသင့်သလို…


ကိုဗစ်ကာကွယ်ဆေး အမြန်ဆုံးရဖို့ မြန်မာ ကြိုးပမ်းနေပြီ

ကမ္ဘာမှာ ကိုဗစ်ကာကွယ်ဆေး စရလာချိန် မြန်မာနိုင်ငံမှာလည်း ရှေ့နှစ် ဧပြီ၊ မေ၊ ဇွန်လလောက်ထက် ပိုအစောဆုံးရနိုင်အောင်နဲ့ ထိရောက်အောင် ကြိုးစားနေတယ်လို့ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ ဒုဥက္ကဋ္ဌက ပြောလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှဒေသကြီး ကာကွယ်ဆေးဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ရဲ့ မြန်မာနိုင်ငံက တဦးတည်းသော အဖွဲ့ဝင်လည်းဖြစ်တဲ့ အငြိမ်းစားပါမောက္ခ ဒေါက်တာစောဝင်းကို ဒီကာကွယ်ဆေး အစောဆုံး ဘယ်တော့ရနိုင်မလဲလို့ ကိုဝင်းမင်းက မေးရာမှာ ခုလိုစရှင်းပြပါတယ်။ ဒေါက်တာစောဝင်း – “အဲဒါကတော့ ကျနော်တို့လည်း…