သရုပ်ဆောင် လူမင်းနှင့် NLD ဗဟိုအလုပ်မှုဆောင် စစ်ကောင်စီမှ ထောင်ဒဏ်များချမှတ်
သရုပ်ဆောင်လူမင်းနှင့် NLD ဗဟိုအလုပ်မှုဆောင် စစ်ကောင်စီမှ ထောင်ဒဏ်များချမှတ် ဒီဇင်ဘာ(၃၀) ဖေဖော်ဝါရီလ(၁) ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏မတရားဖမ်းဆီးခံသူများထဲမှ ရုပ်ရှင်သရုပ်ဆောင် အနုပညာရှင် ဦးလူမင်းကို ထောင်ဒဏ် (၃) နှစ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင် ဒေါက်တာမျိုးညွန့်အား ထောင်ဒဏ် (၂) နှစ်အသီးသီးကို နေပြည်တော်စစ်ကောင်စီတရားရုံးမှ ချမှတ်လိုက်ကြောင်း ၎င်းတို့နှင့်နီးစပ်သည့် အသိုင်းအဝန်းသတင်းမှ သိရသည်။ ဒီဇင်ဘာလ(၂၇) ရက်နေ့ကလည်း ပြည်သူချစ် အနုပညာရှင်သရုပ်ဆောင် ပိုင်တံခွန်ကို စစ်ကောင်စီမှ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃)…