ကိုဗစ်ကာလမှာ ခက်ခဲနေတဲ့ ဘိုးဘွား(၁၅၀)အတွက် လှူဒါန်းလိုက်ပြန်တဲ့ အောင်သူတို့ဇနီးမောင်နှံ
ဘောလုံးသမား အောင်သူနဲ့ သရုပ်ဆောင်မင်းသမီးချောလေး ပိုးအိအိခန့်တို့ ဇနီးမောင်နှံကတော့ ပရိသတ်တွေအရမ်းကို အားကျချစ်ခင်နေရတဲ့ အနုပညာရှင် စုံတွဲလို့ဆိုရမှာပါ ။ လက်ရှိမှာတော့ ပိုးအိအိခန့်နဲ့အောင်သူတို့ ဇနီးမောင်နှံက ပရိသတ်တွေ သာဓုခေါ်စရာအလှူလေးတစ်ခုကို ပြုလုပ်ခဲ့တယ်လို့သိရပါတယ် ။ ပိုးအိအိခန့်တို့ဇနီးမောင်နှံက Covid ကာလမှာ အခက်အခဲဖြစ်နေတဲ့ ဆိပ်ကမ်း၊ ကျူးကျော်၊ လယ်ကွင်းပြင် နေရာစုံတို့မှာ နေထိုင်တဲ့ ဘိုးဘွားများ၊ နာမကျန်းတဲ့ ဘိုးဘွားများ၊ အိမ်ရာမဲ့ ဘိုးဘွား (၁၅၀)တို့အား လိုအပ်တဲ့ စားသောက်ကုန် ပစ္စည်းများ…