အပြင်ထွက်ရင် ဖုန်းထဲမှာ မမြင်စေချင်တဲ့ app တွေကို Hide app မလိုပဲ အလွယ်တကူ ဝှက်ထားနည်း
ဖုန်းထဲက Apps တွေကို Uninstall လုပ်စရာမလိုဘဲ ဖွက်ထားမယ် ကိုယ့်ရဲ့စမတ်ဖုန်းလုံခြုံရေးအတွက် Password တွေခံ၊ Fingerprint တွေသွင်းထားပေမယ့်လည်း တစ်ခါတစ်ရံမှာ မလွှဲသာမရှောင်သာလို့ ကိုယ့်ရဲ့ဖုန်းကိုဖွင့်ပြရတာမျိုး ကြုံဖူးကြပါလိမ့်မယ်။ ဖုန်းကိုဖွင့်ပြရပေမယ့် သူများကိုမမြင်စေချင်တဲ့ Apps တွေလည်း ရှိတတ်ကြမှာပါ။ ဒီအတွက်လွယ်ကူတဲ့နည်းလမ်းကတော့ Apps တွေကို Hide လုပ်ထားလိုက်တာပါပဲ။ ဒီနေ့ခေတ် စမတ်ဖုန်းတွေဟာ နာမည်နဲ့လိုက်အောင်ကို စမတ်ကျတဲ့ နည်းပညာနဲ့ ဖန်တီးထားတာပါ။ နည်းပညာခေတ်ရဲ့ ထုတ်ကုန်တိုင်းမှာ သုံးစွဲသူရဲ့ လိုအပ်ချက်အတော်များများကို…