လကမ္ဘာကို ဘယ်အချိန်ရောက်နိုင်ကြမလဲဆိုတာ အီလွန်မက်ခ်ပြောပြီ
လူသားတွေ လကမ္ဘာပေါ်ကို နောက်ဆုံးအကြိမ်ခြေချခဲ့တာ ၁၉၇၂နှစ်ကပါ။ အပိုလို ၁၇မစ်ရှင်နဲ့ လူသားတွေ နောက်ဆုံးခြေချခဲ့ပြီးကတည်းက လကမ္ဘာပေါ်လူသားတွေမရောက်နိုင်တော့ဘဲ နှစ်ပေါင်း ၅၀လောက် လနဲ့ဝေးကွာနေခဲ့ပါပြီ။ ဒီအခြေအနေကို အီလွန်မတ်ခ်က ပြန်ပြောင်းလဲဖို့ကြိုးစားနေချိန်မှာ နာဆာကလည်းပူးပေါင်းပါဝင်ခဲ့ပါတယ်။ အီလွန်မတ်ခ်ရဲ့SpaceX ကို ဒေါ်လာသန်း ၃၀၀ ကနဦး ရင်းနှီးမြုပ်နှံမှု လုပ်ခဲ့တာပါ။ လူသားတွေ လကမ္ဘာကို နောက်တကြိမ်ပြန်ခြေချနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဒုတိယသမ္မတ မိုက်ခ်ပန့်ကိုယ်တိုင်ဦးဆောင်နေတဲ့ ဒီပရိုဂရမ်ကို ၂၀၂၄ခုနှစ်မှာ နောက်ဆုံးထားသတ်မှတ်ထားပါတယ်။ ဒေါ်လာ ၂.၄ ဘီလျံအထိ စာချုပ်တန်ဖိုးရှိမှာဖြစ်တဲ့အတွက်…