အိမ်ဖြူတော်

အာဖဂန်ပြည်သူတွေရဲ့ မျက်ရည်ကို ဘိုင်ဒင် လစ်လျူရှုလိုက်ပြီတဲ့လား

တာလီဘန်စစ်သွေးကြွတွေ အာဖဂန်နစ္စတန်မှာ မြန်မြန်ဆန်ဆန်ကြီး ရှေ့ကိုတိုးလာကာ နယ်မြေတွေ သိမ်းပိုက်နေတဲ့အချိန်မှာပဲ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က အာဖဂန်ကနေ သူတို့တပ်တွေ ဆုတ်ခွာလိုက်တဲ့ ဆုံးဖြတ်ချက်ကို နောင်တမရပါဘူးလို့ ပြောလိုက် ပါတယ်။ အာဖဂန်ခေါင်းဆောင်တွေကို သူက ညီညွတ်ကြပါ၊ “နိုင်ငံအတွက် တိုက်ပွဲဝင်ကြပါ” လို့ တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်မြေမှာ တိုက်ခိုက်တာခံခဲ့ရတဲ့ 9/11 အဖြစ်အပျက်ဖြစ်ခဲ့ပြီးတဲ့နောက် ၂၀၀၁ ခုနှစ်အတွင်းမှာပဲ အမေရိကန်တပ်တွေဦးဆောင်တဲ့ စစ်တပ်တွေ အာဖဂန်မှာ နေရာချကာ စစ်သွေးကြွတွေကို စစ်ဆင်ခဲ့ကြပါတယ်။…