အာရှ

တရုတ်နိုင်ငံအတွင်းပိုင်းထိ ဆော်နိုင်မယ့် အမေရိကန်ထုတ်အသစ်စက်စက် Dark Eagle လက်နက်စနစ်

အမေရိကန်ကြည်းတပ်က ၎င်းတို့ရဲ့ အသံထက်မြန်လက်နက်စနစ်သစ်ရဲ့ အမည်ကို Dark Eagle လို့ တရားဝင်အမည်ပေးလိုက်ပြီဖြစ်ပါတယ်။ မြေပြင်အခြေစိုက်လက်နက်စနစ်အဖြစ်သာမက အမေရိကန်ရေတပ်ရဲ့ ဖျက်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေမှာပါ တပ်ဖြန့်အသုံးပြုနိုင်မှာဖြစ် တယ်လို့ဆိုပါတယ်။ အဆိုပါလက်နက်စနစ်သစ်အနေနဲ့ ၂၀၂၃ ခုနှစ်မှာ အသုံးချနိုင်ဖို့အတွက် ရည်မှန်းထားတယ်လို့လည်းသိရှိရပါတယ်။ တပ်ဖြန့်ထားမယ်ဆိုရင် အာရှတစ်ခုလုံးကို‌တောင်လွှမ်းခြုံထားနိုင်ပြီး အသံထက်မြန်တဲ့ အဆင့် ၅ နှုန်းနဲ့ တရုတ်အတွင်းပိုင်းအထိ ပစ်ခတ်တိုက်ခိုက်နိုင်မှာဖြစ်ပါတယ်။ ထိုဒုံးပျံစနစ်ကို အမေရိကန်ရေတပ်နဲ့ ပူးပေါင်းထုတ်လုပ်ခဲ့တာဖြစ်ပြီး ကြီးမားတဲ့ ဒုံးပျံတွန်းအားပေးစနစ်နဲ့ Common-Hypersonic Glide Body…