ရုရှားတို့ရဲ့နောက်ဆုံးပေါ်ပဉ္စမမြောက်မျိုးဆက်တိုက်လေယာဉ်
ပြီးခဲ့သည့် Moscow Air Show 2021 (MAKS 2021) ၌ ရုရှားနိုင်ငံအနေဖြင့် ပဉ္စမမြောက်မျိုးဆက်အဖြစ် Su-75 Checkmate ဟုအမည်ရသည့် တိုက်လေယာဉ်ကိုထုတ်ဖော်ပြသခဲ့ပေသည်။ အဆိုပါတိုက်လေယာဉ်အနေဖြင့် တရုတ်တို့၏ FC-31 စတဲ့လ်တိုက်လေယာဉ်နှင့် ဈေးကွက်အတွင်း၌ အဓိကယှဉ်ပြိုင်သူအဖြစ် တည်ရှိလာနိုင်သည်ဟုလည်း သုံးသပ်ထားကြ ပေသည်။ FC-31 ကို တရုတ်တို့၏ Shenyang ကုမ္ပဏီက တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ပထမဆုံးစမ်းသပ်ပျံသန်းမှုကို လွန်ခဲ့သည့် ၈ နှစ်က ဆောင်ရွက်ခဲ့ခြင်းလည်း ဖြစ်ပေသည်။…