အာဖဂန်

တာလီဘန်တွေက အာဖဂန်တွေကို ချုပ်ချယ်မှု မရှိစေရဘူးလို့ ကတိပေး

အနာဂတ်တွင် ခိုင်လုံသည့်အထောက်အထား စာရွက်စာတမ်းများနှင့်အတူ အာဖဂန်များအချိန်မရွေး လွတ်လပ်စွာ ခရီးသွားလာနိုင်လိမ့်မည်ဟု တာလီဘန်အကြီးတန်းအရာရှိတစ်ဦးက ကန့်သတ်ချက်များကြောင့် လူအများကြောက်ရွံ့ခြင်းကို ငြိမ်းအေးစေရန်ရည်ရွယ်ပြီး ရုပ်မြင်သံကြားတွင် သောကြာနေ့ (ဩဂုတ်လ ၂၇ ရက်) ကပြောကြားခဲ့ကြောင်း straitstimes သတင်းတွင်ဖော်ပြထားသည်။ အာဖဂန်နစ္စတန် နယ်နိမိတ်များပွင့်လာပြီး အများပြည်သူအနေဖြင့် အချိန်မရွေး အာဖဂန်နစ္စတန်နိုင်ငံထဲကို ဝင်ထွက်သွားလာနိုင်ကြလိမ့်မည်ဟု နိုင်ငံရေးကော်မရှင်ဒုတိယအကြီးအကဲ Sher Mohammad Abbas Stanikzai က ပြောကြားခဲ့သည်။ လာမည့်သီတင်းပတ် အနောက်ကယ်ဆယ်ရေး စစ်ဆင်ရေးပြီးဆုံးမည့် ရက်မတိုင်မီ…


တရုတ်၊ရုရှားနဲ့အမေရိကန်တို့ပေါင်းပြီး အာဖဂန်အရေး ဝိုင်းဘေမည်

အာဖဂန်နစ္စတန်တွင်အာဏာကို ထိန်းချုပ်ထားသည့် တာလီဘန်တို့နှင့် လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်နေသည့် တရုတ်နှင့်ရုရှားတို့၏ ရည်မှန်းချက်များနှင့် တူညီစွာရှိနေသည်ဟု အမေရိကန်က သြဂုတ်လ ၁၈ ရက်တွင် ပြောကြားခဲ့ပါတယ်။ “အခုအချိန်မှာ အားလုံးရဲ့ စည်းလုံးညီညွတ်မှုဟာအရမ်းကို ခိုင်မာနေပြီလို့ ကျွန်မထင်ပါတယ်” ဟု ပြီးခဲ့သည့်လက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရအဖွဲ့ထဲမှ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည့် ရာထူးအကြီးဆုံးပုဂ္ဂိုလ်ရှာမန်က ပြောကြားပါတယ်။ အာဖဂန်နစ္စတန်တွင် နှစ်ပေါင်း ၂၀ ကြာ စစ်ရေးအရဝင်ရောက်ခဲ့ပြီး ကဘူးမြို့တော်တွင် အစိုးရအဖွဲ့ထူထောင်ပေးခဲ့သည့် အမေရိကန်သည်…


လေဆိပ်မှာပြောလို့မရတဲ့ အာဖဂန်တွေကို အမေရိကန် ရှော့ပစ်နေ

တာလီဘန်တွေ ကဘူးလ်မြို့ကို သိမ်းပိုက်ပြီးတဲ့အချိန် ဟာမစ်ကာဇိုင်း နိုင်ငံတကာ လေဆိပ်ထဲကို ဝင်ရောက်လာတဲ့ အပြစ်မဲ့အရပ်သားတွေအပေါ်ကို အမေရိကန်တပ်တွေက ကူညီကာကွယ်ပေးနေပါတယ် အမေရိကန်စစ်သည်အချို့ဟာ လေယာဉ်ပျံပေါ်ကို အတွင်းဝင်ရောက်ဖို့ ကြိုးစားနေတဲ့ အာဖဂန်ပြည်သူ နှစ်ယောက်ကို ပစ်သတ်ခဲ့ရပါတယ် C-17 ပေါ်က ပြုတ်ကျတဲ့ အာဖဂန်ပြည်သူစုစုပေါင်း ၃ ဦးရှိပါတယ် နောက်ထပ် ၃ ယောက်ကတော့ ပြေးလမ်းပေါ်မှာ လေယာဉ်ပျံမတက်မှီ ပြုတ်ကျလို့ သွေးအလူးလူးနဲ့ ထိခိုက်သေဆုံးခဲ့ပါတယ် ပင်တဂွန်အနေနဲ့ ကယ်ဆယ်ရေးလေယာဉ် ဘယ်လောက်ထိ လွှတ်မယ်ဆိုတာ…


တာလီဘန်တွေဆိုတာ ဘယ်သူတွေလဲ၊ ဘယ်ကစတာလဲ ဘယ်သူတွေပါလဲ ရည်မှန်းချက်ဘာလဲ

တာလီဘန်တွေဟာ ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အထိ အာဖဂန်နစ္စတန်မှာ တင်းကြပ်တဲ့ အစ္စလာမ်မစ်ဥပဒေတွေနဲ့ ချမှတ်အုပ်ချုပ်ခဲ့သူတွေဖြစ်ပါတယ်။ #ဘယ်လိုဖွဲ့စည်းခဲ့သလဲ တာလီဘန်တွေဟာ ဆိုဗီယက်ပြည်ထောင်စုကနေဆုတ်ခွာပြီးနောက် ၁၉၉၀ ပြည့်နှစ်ခန့်ကအာဖဂန်ပြည်တွင်းစစ်တွင်တိုက်ခိုက်ခဲ့တဲ့ အဖွဲ့တွေထဲကမှ တစ်ဖွဲ့ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ အာဖဂန်နစ္စတန်တောင်ပိုင်း Kandahar မြို့တစ်ဝိုက်၌ပေါ်ပေါက်ခဲ့ပြီး ၎င်းတို့ကို Mullah Mohammad Omar ဆိုသူကတည်ထောင်ခဲ့ခြင်းဖြစ်ကာ ၂၀၁၃ ခုနှစ်မတိုင်မီအထိ ဦးဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ #အမေရိကန်နဲ့ဘယ်လိုချိတ်ဆက်သလဲ တာလီဘန်တွေကို အာဖဂန်တိုက်ခိုက်ရေးသမားတွေနဲ့ ဖွဲ့စည်းခဲ့တာများပါတယ်။ မူဂျာဟစ်ဒင်လို့လည်း ခေါ်ပါတယ်။…


တာလီဘန်တွေကို ပြန်ဆော်မယ်လို့ အမေရိကန်ကိုကတိပေး၊ခုတော့ အမေရိကန်ပါထွက်ပြေး

အာဖဂန်သမ္မတ Asharf Ghani က တာလီဘန်တွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ ရည်ရွယ်ထားကြောင်းနဲ့ သူပုန်တွေ မြို့တော်ကို ချဉ်းကပ်လာတဲ့အခါ အစိုးရ တပ်တွေက တွန်းလှန်နိုင်အောင် ပြင်ဆင်ထားကြောင်း ပြောဆိုလိုက်ပါတယ်။ “လက်ရှိ အခြေအနေမှာ အာဖဂန် လုံခြုံရေးနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ စုစည်းညီညွတ်မှုရှိအောင် ဦးစားပေး ဆောင်ရွက်နေပါတယ်။” လို့ အာဖဂန် သမ္မတက ကြိုတင်ရိုက်ကူးထားတဲ့ ၂ မိနစ်ခွဲကြာ ဗွီဒီယိုမိန့်ခွန်းကို အစိုးရ ရုပ်မြင်သံကြားနဲ့ လူမှုကွန်ရက်တွေမှာပါ စနေနေ့က…


အာဖဂန်တပ်တွေအပေါ် အားမရဖြစ်နေတဲ့ အမေရိကန်၊ ကိုယ်တိုင်ဗျင်းပြမယ်ဟုဆို

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ်ကနေ တစ်ရက်ကို လူတွေ ထောင်နဲ့ချီပြီး လေကြောင်းကနေ ကယ်ထုတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု စီစဥ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ အမေရိကန် စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ အခုဆိုရင် ကဘူးလ်မြို့ လေဆိပ်ကို စတင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အခု ၂ ရက်အတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၃ ထောင်ကို ကဘူးလ်ကို စေလွှတ်မှာ ဖြစ်ပါတယ်။ တာလီဘန်တွေဟာ အာဖဂန်ရဲ့ အဓိက…


အာဖဂန်ကိုပြန်ကူဖို့ ဗြိတိန်နဲ့အမေရိကန်ပေါင်း အင်အား ၃၆၀၀ အရေးပေါ်တပ်ဖြန့်ပြီ

ဗြိတိန်လေထီးတပ်သား ၆၀၀ နဲ့ အမေရိကန် စစ်သည် ၃၀၀၀ ခန့်ဟာ အာဖဂန်နစ္စတန် နယ်မြေကို အရေးပေါ် ပြန်လည် တပ်ဖြန့်လိုက်ပြီလို့ သိရှိရပါတယ်။ ဒီလိုတပ်ဖြန့်လိုက်တာဟာ ဒုတိယမြို့တော်ဖြစ်တဲ့ Kandahar မြို့တော် တာလီဘန်တွေလက်ထဲကို ကျရောက်ခဲ့တဲ့ အချိန်မှာလည်းဖြစ်ပါတယ်။ ဗြိတိန်အစိုးရကတော့ အာဖဂန်ဝန်ထမ်းဟောင်းတွေနဲ့ ဗြိတိန်နိုင်ငံသားတွေကိုကယ်ထုတ်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ တာလီဘန်တို့အလံကို အဆိုပါမြို့တော်ရဲ့ ရဲဌာနချုပ်မှာ လွှင့်ထူခဲ့တာ တွေ့မြင်ခဲ့ရသလို လက်နက်နဲ့ယာဉ်တွေကိုလည်း သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်ဆိုတာလည်း ထပ်မံတွေ့ခဲ့ရပါတယ်။ အာဖဂန်တပ်သားတွေက လက်နက်အလွယ်တကူချလို့ ဒီလိုသိမ်းပိုက်နိုင်…


တာလီဘန်တွေရူးနေပြီလား ပျံသန်းနေတဲ့ B-52 ကို ပစ်ချသော်လည်း ဗုံးစာမိသွား

အာဖဂန်နစ္စတန်ကနေ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ အကြမ်းဖက်တာလီဘန်တွေဟာ အာဖဂန်နယ်မြေထဲကို ပျံသန်းဝင်ရောက်လာနေတဲ့ US B-52 လေယာဉ်ကို ပစ်ချဖို့အတွက် ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။ ဒါဟာ တာလီဘန်တွေအနေနဲ့ ပထမဆုံးအကြိမ် ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ သို့သော်လည်း ကြိုးစားမှုက အောင်မြင်မှုမရရှိခဲ့ပါဘူး။ တာလီဘန်တွေက မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ကျွမ်းကျင်သူတွေခန့်မှန်းတာက တာလီဘန်တွေအများဆုံးအသုံးပြုတဲ့ man-portable surface-to-air missile (MANPAD)နဲ့ ပစ်ချခဲ့ကြတာပါ။ ဒါကတော့ ဉာဏ်နည်းတာပါ။ ဒီ ပခုံထမ်းဒုံးက ဗုံးကြဲဖို့ ပျံလာတဲ့ ဘီ-၅၂ ဆီကို…


တာလီဘန်တွေ ပိုသောင်းကျန်းလာပြီ

အာဖဂန်နစ္စတန်မှာ ပြည်နယ်မြို.တော်တစ်ခုကို တာလီဘန်တွေ ပထမဆုံးသိမ်းပိုက်လိုက်ပြီး၊ မြို.တော်ကာဘူးမှာလည်း အရေးပါတဲ့ အစိုးရအရာရှိတစ်ဦးကို လုပ်ကြံလိုက်ပါတယ်။ အမေရိကန်တပ်တွေဆုတ်ခွာအပြီး တာလီဘန်သူပုန်တွေပြန် ခေါင်းထောင်လာကာ၊ အာဖဂန်နယ်မြေတွေ တိုးချဲ.သိမ်းယူလာခဲ့ရာမှာ၊ နိုင်ငံ အနောက်တောင်ပိုင်းက Nimruz ပြည်နယ်မြို.တော်ကို၊ ဒီနေ့ သိမ်းယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ တာလီလန်ပြောခွင့်ရ Zabihullah Mujahid က၊ ပြည်နယ်မြို.တော် Zaranj က အာဖဂန်အစိုးရတပ်တွေကို တိုက်ခိုက်အနိုင်ယူပြီး အခုလို သိမ်းပိုက်လိုက်တာလို့ မနေ့က လူမူမီဒီယာမှာပြောလိုက်ပါတယ်။ ဒါ့အပြင် ကာဘူးက…