အာဏာရှင်

PDF များကို လက်နက်၊ အစားအသောက်ထောက်ပံ့ပေးဖို့ ကိစ္စ အသေးစိတ်မပြောနိုင်သေးဟု NUG ဆို

နယ်မြေဒေသအသီးသီးတွင် ဖွဲ့စည်းထားသောအဖွဲ့များအတွက် လက်နက်၊ အစားအသောက်နှင့် လိုအပ်သော အထောက်အပံ့များ NUG ဘက်က မပေးသည့်ကိစ္စကို မီဒီယာများတစ်ခုက မေးမြန်းခဲ့ပြီး အသေးစိတ်မပြောနိုင် သေးကြောင်းနှင့် ပြည်သူများတွင်လည်း တာဝန်ရှိကြောင်း NUG တာဝန်ရှိသူများက ပြောကြားလိုက်သည်။ သြဂုတ်လ(၂၄)ရက်က ကျင်းပခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ဒေသခံ၊ ရွာခံ၊ နယ်ခံ PDF များကို NUG ဘက်က အထောက်အပံ့များပေးခြင်းမရှိကြောင်း အသံထွက်လာနေသည့်အတွက် မီဒီယာတစ်ခုက မေးမြန်းခဲ့ခြင်းလည်း ဖြစ်သည်။ “ အားလုံးလွှမ်းခြုံတဲ့ အနေအထားမျိုးနဲ့…