အာကာသ

အာကာသထဲသွားဖို့ လိုတဲ့ပိုက်ဆံပမာဏ၊ သင်လည်းဖြစ်နိုင်တယ်

ပြီးခဲ့တဲ့လက ရစ်ချက်ဘော်ဆင်ဆိုတဲ့အမျိုးသားဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၃ မိုင်အကွာကို ပျံတက်ပြခဲ့ပါတယ်။ ကမ္ဘာနဲ့ အာကာသအစပ်ဖြစ်တဲ့ ကာမန်လိုင်းဆိုတဲ့နေရာကို ရောက်ဖို့ ၉မိုင်ပဲလိုတော့တဲ့နေရာပါ။ တနည်းဆိုရင် ကမ္ဘာကိုရော အာကာသကိုရော ခံစားလို့ရမယ့်နေရာဖြစ်ပါတယ်။ ရစ်ချက်ဘရန်ဆန်ဆိုတာက တခြားသူမဟုတ်ပါဘူး။ အီလွန်မတ်ခ်၊ ဂျက်ဘီဇော့တို့လို သူဌေးကြီးတွေနဲ့အပြိုင် အာကာသခရီးသွားလုပ်ငန်းကို စွန့်ဦးတီထွင်နေသူပါ။ ရစ်ချက်က ဗာဂျင်ဂလက်တစ်ဆိုတဲ့ အာကာသခရီးသွားယာဉ်လုပ်ငန်းကနေ အာကာသထဲပျံပြနိုင်ခဲ့ပါတယ်။ အီလွန်မတ်ခ်တို့နဲ့မတူတာက ဗာဂျင်ဂလက်တစ်ဟာ ခရီးသည်စီးလို့ရတဲ့ယာဉ်နဲ့အောင်မြင်စွာတက်ပြနိုင်ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်မှုကို သူကိုယ်တိုင်ပဲလုပ်ပြခဲ့ကာ အာကာသထဲမှာရှိတဲ့ သူတို့ရဲ့ အာကာသယာဉ်ထဲထိကို အောင်အောင်မြင်မြင်ဝင်ရောက်နိုင်ခဲ့ပါတယ်။…


အာကာသထဲမှာ ကြော်ငြာတွေကို မြင်တွေ့ရတော့မယ်

တောင်အာဖရိက ဘီလျံနာ အီလွန်မတ်ခ်ဟာ လုံးဝခေတ်ရေှ့ပြေးတွေကို စီစဉ်နေပါတယ်။ အခုတခေါက်မှာလည်း သူများနဲ့လုံးဝမတူတဲ့အိုင်ဒီယာကို ဖော်ဆောင်ဖို့ GEC ဆိုတဲ့ ကနေဒါအခြေစိုက်နည်းပညာကုမ္ပဏီတခုနဲ့လက်တွဲလိုက်ပြီး၊ ဂြိုဟ်တုအကြီးစားကြီးတခုကို ဆောက်ဖို့ ပြင်နေပါတယ်။ ဘာဖြစ်မလဲဆိုတာမသိပေမဲ့ GEC ရဲ့ စီအီးအို ဆန်မြူရယ် ရိဒ်က အရိပ်အမြွက်ပြောကြားထားချက်အရ ဒီဂျစ်တယ်ဘေလ်ဘုတ်တခုကို တည်ဆောက်မှာပါ။ နာမည်တောင်အဆန်းလေး ကျူ့ဆက် (CubeSat)လို့ပေးထားလိုက်ပါပြီ။ နောက်နှစ်မှာ ဖယ်လ်ကွန်နိုင်း ရော့ကတ်နဲ့ အာကာသထဲတင်မှာဖြစ်ပါတယ်။ ဘေလ်ဘုတ်ဆိုတဲ့အတိုင်း မြို့ကြီးတွေရဲ့လမ်းမမှာမြင်ဖူးနေကြ တီဗီအကြီးကြီးတခု ဖြစ်လာပါလိမ့်မယ်။ သတင်းလွှင့်တာကအစ…


ဒီကမ္ဘာကြီးကို လွှမ်းမိုးဖို့ရာ တရုတ်တွေဖြစ်လာနေပြီလား

တရုတ်၏ အာကာသ အစီအစဉ်က စိုးရိမ်စရာ ပိုမိုဖြစ်ပေါ်လာ တရုတ်နိုင်ငံ၏ အာကာသအစီအစဉ်သည် အမေရိကန်ကိုသာမက ကမ္ဘာ့ကျန်နိုင်ငံများကိုပါ လွှမ်းမိုးရန် ဖြစ်ကြောင်း ကောက်ချက်ချနိုင်သည့် ခိုင်လုံသော အထောက်အထားများကို တွေ့ရှိထားသည်။ အမေရိကန်နိုင်ငံ၏ လုံခြုံရေးအပြင် အခြားနိုင်ငံများအတွက် တရုတ်နိုင်ငံ၏ အာကာသအစီအစဉ်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို အနာဂတ်တွင် ကြီးမားသည့် ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာမည်ဟု အာဆက်မာဇာက ရေးသားထားသည်။ နိုင်ငံကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ၊ ဖွံ့ဖြိုးပြီး ဖြစ်စေ ဖွံ့ဖြိုးဆဲဖြစ်စေ ကမ္ဘာ့နိုင်ငံအများစုသည် အာကာသအစီအစဉ်ကို မိမိတို့ကိုယ်ပိုင်…