အမြင်

ရက်ပေါင်း ၉၀ ဆက်တိုက်ပျံနိုင်တဲ့အမေရိကန်ရေတပ်လေယာဉ်ကြောင့် မျက်ခုံးလှုပ်နေကြပြီ

လေယာဉ်တောင်ပံတွေမှာ ဆိုလာပြားတွေတပ်ဆင်ပြီး ရက်ပေါင်း ၉၀ ကြာ လေထဲမှာ ဆက်တိုက်ပျံသန်းနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်စနစ်တစ်မျိုးကို အမေရိကန်ရေတပ်က တီထွင်နေပါတယ်။ အဆိုပါလေယာဉ်ကို Skydweller လို့အမည်ပေးထားပြီး အမေရိကန်-စပိန် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Skydweller Aero ကနေ တည်ဆောက်နေခြင်း လည်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပင်လယ်ပြင်ကိုစောင့်ကြည့်ဖို့၊ သင်္ဘောတွေကို လအတန်ကြာ စောင့်ရှောက်ဖို့နဲ့ ဆက်သွယ်မှုစနစ်အတွက် ကြားခံအဖြစ် အသုံးပြုလိုတာကြောင့်လို့ဆိုပါတယ်။ ဒီလိုလေယာဉ်ထုတ်လုပ်ဖို့အတွက် အမေရိကန်နဲ့ အမေရိကန်ဒေါ်လာ ၅ သန်း…