အစ္စရေး

နယ်စပ်မှာအစ္စရေးတပ်သားတွေထိခိုက်ဒဏ်ရာရလို့ လေတပ်က ချက်ခြင်းဗုံးသွားပြန်ကြဲ

အစ္စရေး- ပါလက်စတိုင်းနယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးနောက် အစ္စရေးတိုက်လေ ယာဉ်တွေဟာ သြဂုတ် ၂၁ ရက်နေ့က ဂါဇာဒေသရှိ ဟားမက်စ် စစ်သွေးကြွအုပ်စုတွေရှိတဲ့နေရာတွေကို ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်ဘက်က အတည်ပြုပြောကြားခဲ့ပါတယ်။ နယ်စပ်ဒေသမှာ အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားချိန်အတွင်း အစ္စရေးစစ်သား ၁၄ ဦး ဒဏ်ရာရရှိခဲ့ကာ ပါလက်စတိုင်းလူမျိုး ၄၁ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ပါလက်စတိုင်းလွတ်မြောက်ရေးကို ထောက်ခံသူ အုပ်စုတွေနဲ့ ဟားမက်စ်စစ်သွေးကြွ အဖွဲ့ကို ထောက်ခံသူ ပူးပေါင်းပြုလုပ်တဲ့ ဆန္ဒပြပွဲစဉ်အတွင်း အစ္စရေးလုံခြုံ…


ဟစ်ဇ်ဘိုလာခေါင်းဆောင် အစ္စရေးကို တံတွေးနဲ့တွေးသလို စကားပြော

အီရန်ထောက်ခံသူ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Sheikh Hassan Nasrallah က လစ်ဘနွန်အပေါ် အစ္စရေးနဲ့ အနာဂတ်မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားဖို့အတွက် တောင်းဆိုလှုံဆော်လိုက်ပါတယ်။ ရန်သူကိုပြောချင်တာကတော့ လစ်ဘနွန်အပေါ် မည်သည့်လေကြောင်း တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်မယ်လို့လည်း ကြိမ်းမောင်းလိုက်ပါတယ်။ ဟစ်ဇ်ဘိုလာပျောက်ကြားတွေဟာ မနေ့က နယ်စပ်ကနေ ၁၂၂ မမ အတွဲလိုက် ဒုံးပစ်လောင်ချာစနစ်တွေနဲ့ အစ္စရေးဘက်ကို တုံ့ပြန်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဆောင်ရွက်မှုတွေဟာ အစ္စရေးတို့သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းမြောက်ပိုင်းနဲ့ ဂိုလန်ကုန်းပြင်မြင့်အပေါ်မှာလည်း ဖြစ်နိုင်တယ်လို့လည်း သတိပေးထားကြောင်း…


အီရန်ကို အစ္စရေးဆော်မယ့်အရေးကြားကနေ လန့်ပေးနေတဲ့ ဗြိတိန်

အစ္စရေးထိန်းချုပ်တဲ့ ရေနံတင်သင်္ဘောကိုမှ တိုက်လိုက်တာတော့ အီရန် အနေနဲ့ စောက်ကျိုးနဲ အမှားကြီးကို ကျူးလွန်လိုက်တာပဲ ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာကလည်း ဖြစ်လာရင် ခုခံကာကွယ်ဖို့နဲ့ ဆော်ပလော်တီးဖို့ ပြင်နေထားလောက်ပြီ၊ ပင်လယ်ကွေ့နိုင်ငံသားတွေ အတွက်တော့ အိမ်မက်ဆိုးပေါ့ အီရန်ကတော့ သေချာတယ် တနည်းနည်းနဲ့ ဆော်ခံရမှာ၊ သူ့နိုင်ငံခြား ရေးဝန်ကြီးကတော့ ဖာနေတာပေါ့၊ ဖာတဲ့ တာဝန်တော့ ကျေရှာပါတယ် လက်ခံနိုင်စရာကိစ္စတော့မဟုတ်ဘူး၊ ဒါက ကုန်သွယ်ရေးလုပ်နေတဲ့ သင်္ဘောလေ၊ အီရန်အပြင် အခြားနိုင်ငံတွေလည်း လွတ်လပ်စွာရေကြောင်းသွားလာမှုကိုလေစားသင့်တယ်


အစ္စရေးနဲ့အီရန်ပြန်ညှိနေပြီ ဖိုက်ဖို့ပြင်နေကြ

အိုမန်ကမ်းလွန်မှာ မိမိတို့ရေနံတင်သင်္ဘောကို ဒရုန်းနဲ့ တီးထားလို့ လာမယ့် ၄၈ နာရီအတွင်း အစ္စရေးက လေကြောင်းနဲ့ ရုတ်ခြည်းဆော်နိုင်တယ်လို့ သတင်း တွေထွက်ပေါ်လာပါတယ်။ လက်ရှိအချိန်မှာ အီရန်မီဒီယာတွေကလည်း ယခုပဲ လာတိုက်တော့မယ့် အခြေအနေမျိုးနဲ့ အီရန်လေကာစနစ်တွေကို အမြင့်ဆုံးအနေအထားပြုလုပ် ထားဖို့သင့်တယ်လို့ ဝိုင်းကြပ်နေကြပါတယ်။ မီးလောင်ရာလေပင့်ဆိုသလို မျက်ကလူးဆန်ပြာဖြစ်နေတဲ့ အီရန်လေကာ တပ်ဖွဲ့အပေါ် ရုရှားမီဒီယာအချို့ကလည်း ထပ်မံဆေးထိုးလိုက်တာက အစ္စရေးလေတပ်က ဒုံးကျည်စနစ်တွေကို အတော်များများ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေလို့ ရေးသားဖော်ပြနေကြ…


အစ္စရေးဘာကြောင့်ကမ္ဘာကျော်လဲ၊ကိုယ်မပိုင်မထုတ်နိုင်တာမရှိလို့တဲ့လား

အစ္စရေးနာမည်ကျော် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Elbit Systems ဟာ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့အတွက် 155mm/52 အပြည့်အဝ အလိုအလျောက်ပစ်ခတ်မှုအမြောက်စနစ်ကို တီထွင်နေတယ်လို့ သိရှိရပါတယ်။ အဆိုပါစနစ်ကို လက်ရှိအချိန်မှာသာမက ၂၀၂၃ ခုနှစ်အထိ အသုံးပြုဖို့ ရည်မှန်းထားတဲ့ M109 ဟောင်ဝဇ္ဇာစနစ်တွေနေရာမှာ အစားထိုးဖို့ ဖြစ်တယ်လို့ဆိုပါတယ်။ အမြောက်စနစ်အသစ်ကို SIGMA လို့အမည်ပေးထားပြီး ၂၀၁၉ ခုနှစ် မတ်လ ကနေ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကနဦး ရင်းနှီးမြုပ်နှံမှုငွေ အမေရိကန် ဒေါ်လာ ၁၂၅ သန်း…


ကိုဗစ်ထိပြီး စီးပွားရေးမကောင်းပေမယ့် ထိုင်းက ဒုံးကျည်တွေထပ်ဝယ်၊

အမေရိကန်ပြည်ထောင်စုက အမေရိကန်ဒေါ်လာ သန်း ၃.၄ ဘီလီယံတန်ကြေး ရှိတဲ့ CH-53K အကြီးစားရဟတ်ယာဉ် ၁၈ စီးကို အစ္စရေးကို ရောင်းချပေးဖို့နဲ့ အမေရိကန် ဒေါ်လာ ၈၃.၅ သန်း တန်ကြေးရှိတဲ့ Javelin FGM-148 ဒုံးကျည် ပေါင်း ၃၀၀ ကျော် ရောင်းချပေးမယ်လို့အတည်ပြုလုပ်လိုက်ပါပြီ။ အဆိုပါရဟတ်ယာဉ်တွေကို လော့ဟိမာတင်ကုမ္ပဏီက ထုတ်လုပ်ပေးတာဖြစ် ပြီးရဟတ်ယာဉ်နဲ့အတူ T408-GE-400 အင်ဂျင်အလုံးရေ ၆၀၊ လမ်းညွှန်စနစ်၊ GAU-21 .50 စက်သေနတ်တွေလည်း…


သင်္ဘောတိုက်ခိုက်မှုမှာ အစ္စရေးကိုကြောက်လို့အီရန်ဖင်ပိတ်ငြင်းနေ

အိုမန်ကမ်းလွန်မှာ အစ္စရေးတို့ထိန်းချုပ်ထားတဲ့ ရေနံတင်သင်္ဘော တိုက်ခိုက်ခံရမှုမှာ မိမိတို့ပတ်သက်မှုမရှိကြောင်း အီရန်က ငြင်းဆိုလိုက်ပါတယ်။ အစ္စရေးကတော့ အီရန်အပေါ် အပြစ်တင်ထားပြီး အဆိုပါတိုက်ခိုက်မှုကြောင့် လူ ၂ ဦးသေဆုံးခဲ့ရပါတယ်။ အစ္စရေးဝန်ကြီးချုပ် Naftali Bennett ကတော့ အတော်ဒေါသဖြစ်နေပြီး အတော်သူရဲဘောကြောင်တဲ့လုပ်ရပ်လို့ ရှုံ့ချထားပါတယ်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူ Saeed Khatibzadeh က အစ္စရေးကတော့ ဒေသတွင်း ပြဿနာတက်အောင် အမှုရှာနေတယ်လို့ ပြန်လည်တုံ့ပြန်ထားပါတယ်။ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် ဗြိတိန်နဲ့ ရိုမေနီးယားနိုင်ငံသားတစ်ဦးတို့ သေဆုံးခဲ့ကြပါတယ်။…


အစ္စရေးရေတပ်ရဲ့ SA`AR 6 အမျိုးအစား ကော်ဗက်စစ်ရေယာဉ်

သင်္ဘောတည်ဆောက်တဲ့ Thyssenkrupp Marine Systems က အစ္စရေး ရေတပ်က မှာယူထားတဲ့ SA`AR 6 အမျိုးအစား ကော်ဗက် ၄ စီးထဲက နောက်ဆုံးအစီးတွေဖြစ်တဲ့ INS Atzmaut နဲ့ INS Nitzachon စစ်ရေယာဉ်၂ စီးကို လွှဲပြောင်းပေးလိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ INS Magen စနစ်ကတော့ ၂၀၁၉ ခုနှစ် မေလကတည်းက လက်ခံရရှိတဲ့ ပထမဆုံးကော်ဗက်စစ်ရေယာဉ်ဖြစ်ပြီး ၂၀၂၁ ခုနှစ် မေလမှာပဲ…


လေဆာစနစ်ဖြင့် လေကြောင်းရန်ကာကွယ်ရေးခေတ်ကို ပြောင်းလဲ

Jerusalem Post သတင်းစာပါ ဆောင်းပါရှင် Anna Ahronheim ရဲ့ ရေးသား ဖော်ပြချက်အရ Lockheed Martin နဲ့ Rafael Advanced Defense Systems တို့ဟာ မြေပြင်အခြေစိုက်လေဆာလက်နက်စနစ်တစ်မျိုးကို တီထွင်ထုတ်လုပ် ကြတော့မှာဖြစ်တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ကုမ္ပဏီတွေအနေနဲ့ အမေရိကန်တပ်မတော်အတွက် မြေပြင်အခြေစိုက် လေဆာလက်နက်စနစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခွင့်အလမ်းတွေနဲ့ နည်းပညာဆိုင်ရာအကောင်အထည်ဖော်မှုတွေကိုစူးစမ်းလေ့လာသွားမယ်လို့ ဆိုပါတယ်။ လေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ပတ်သက်လို့ နာမည်ကျော်စနစ်တစ်ခု ဖြစ်တဲ့ Iron Dome စနစ်ဟာ…