အစိုးရ

ဂျပန်မှာလည်း ယာကူဇာတွေကို ဆော်ပြီ၊ ပထမဆုံး သေဒဏ်ပေး

ဂျပန်နိုင်ငံ ခရိုင်တရားရုံးက ရာဇဝတ်မှု နာမည်ဆိုးများနဲ့ ကျော်ကြားနေတဲ့ ယာဂူဇာ လူဆိုးဂိုဏ်းရဲ့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို ဩဂုတ်လ ၂၄ ရက်နေ့ ( အင်္ဂါနေ့) က သေဒဏ် ချမှတ်ခဲ့ပါတယ်။ ယင်းစီရင်ချက်ဟာ ယာဂူဇာလူဆိုးဂိုဏ်းအတွက် ပထမဆုံး အပြစ်ဒဏ် ခံရခြင်း ဖြစ်တယ်လို့ ယူဆရပါတယ်။ ပြစ်ဒဏ်ချခံရတဲ့ အသက် ၇၄ နှစ်အရွယ် ဂိုဏ်းချုပ်ခေါင်းဆောင် Nomura Satoru ဟာ ၁၉၉၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း…


NUG ယာယီသမ္မတကတော့ မလွဲမသွေတိုက်ပွဲဝင်ဖို့ တပ်လှန့်လိုက်ပြီ

ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန်အတွက် မလွဲမသွေ တိုက်ပွဲဝင်ရမည်ဖြစ်ပြီး စတင်မည့် ရက်ညှိ နှိုင်းဆုံးဖြတ်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီ သမ္မတ ဒူဝါလရှီးလက ယနေ့ ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့ ပုံမှန်အစည်းအဝေး (၁၉/၂၀၂၁) တွင် ပြောဆိုလိုက်သည်။ “NUG အစိုးရအနေနဲ့ နေ့စဉ်နဲ့အမျှ သတ်ဖြတ်ခံနေရတဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ရန်၊မလွဲမသွေ တိုက်ပွဲဝင်ရတော့မှာဖြစ်လို့ ကြိုတင်ပြင်ဆင်မှုတွေကို တာဝန်ရှိသူတွေက မရပ်မနားဆောင်ရွက်နေကြကြောင်း၊ စတင်မယ့်ရက်ညှိနှိုင်းသတ်မှတ်ပြီးတဲ့အခါ cabinet ကို ပြန်လည်တင်ပြကာ…


အာဖဂန်တပ်တွေအပေါ် အားမရဖြစ်နေတဲ့ အမေရိကန်၊ ကိုယ်တိုင်ဗျင်းပြမယ်ဟုဆို

အာဖဂန်နစ္စတန် နိုင်ငံ မြို့တော် ကဘူးလ်ကနေ တစ်ရက်ကို လူတွေ ထောင်နဲ့ချီပြီး လေကြောင်းကနေ ကယ်ထုတ်နိုင်ဖို့ အမေရိကန် ပြည်ထောင်စု စီစဥ်နေပါတယ်။ ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ အမေရိကန် စစ်တပ်က တပ်ဖွဲ့ဝင်တွေဟာ အခုဆိုရင် ကဘူးလ်မြို့ လေဆိပ်ကို စတင် ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အခု ၂ ရက်အတွင်း အမေရိကန် တပ်ဖွဲ့ဝင် ၃ ထောင်ကို ကဘူးလ်ကို စေလွှတ်မှာ ဖြစ်ပါတယ်။ တာလီဘန်တွေဟာ အာဖဂန်ရဲ့ အဓိက…


ဝူဟန်စတင်ထွက်ပေါ်လာမှုအပေါ် အမေရိကန်အေဂျင်စီတွေအကုန်ဖော်နေပြီ

ကိုရိုနာဗိုင်းရပ်စ်သည် ဝူဟန်ဗိုင်းရပ်စ်ဗေဒဌာနမှ ထွက်ပေါ်လာသည်ဟူသော ယူဆချက်ကို ၂၀၂၀ ပြည့်နှစ်က ပယ်ချခဲ့ပြီးနောက် ထိုနေရာသည် ကိုဗစ်-၁၉ဗိုင်းရပ်စ်၏ မူလအစဟုတ်မဟုတ်ကို ဆုံးဖြတ်ရန် အတွက် အမေရိကန် ထောက်လှမ်းရေးအေဂျင်စီများသည် အဆိုပါဌာနမှ ဗိုင်းရပ်စ်နမူနာများစွာကို ရှာဖွေနေသည်။ သြဂုတ်လကုန်တွင် ကိုဗစ်-၁၉ ၏ မူလအစနှင့် ပတ်သက်ပြီး တိကျသေချာသော အဖြေတစ်ခုပေးရန် သမ္မတ ဂျိုးဘိုင်ဒင် တွန်းအား၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ယင်းရှာဖွေမှု ထောက်လှမ်းရေး အေဂျင်စီများက ပြုလုပ်နေခြင်းဖြစ်သည်။ သမ္မတဘိုင်ဒင်က အဖြေရရန် ရက်…


တာလီဘန်တွေ ပိုသောင်းကျန်းလာပြီ

အာဖဂန်နစ္စတန်မှာ ပြည်နယ်မြို.တော်တစ်ခုကို တာလီဘန်တွေ ပထမဆုံးသိမ်းပိုက်လိုက်ပြီး၊ မြို.တော်ကာဘူးမှာလည်း အရေးပါတဲ့ အစိုးရအရာရှိတစ်ဦးကို လုပ်ကြံလိုက်ပါတယ်။ အမေရိကန်တပ်တွေဆုတ်ခွာအပြီး တာလီဘန်သူပုန်တွေပြန် ခေါင်းထောင်လာကာ၊ အာဖဂန်နယ်မြေတွေ တိုးချဲ.သိမ်းယူလာခဲ့ရာမှာ၊ နိုင်ငံ အနောက်တောင်ပိုင်းက Nimruz ပြည်နယ်မြို.တော်ကို၊ ဒီနေ့ သိမ်းယူလိုက်ကြောင်း ကြေညာလိုက်ပါတယ်။ တာလီလန်ပြောခွင့်ရ Zabihullah Mujahid က၊ ပြည်နယ်မြို.တော် Zaranj က အာဖဂန်အစိုးရတပ်တွေကို တိုက်ခိုက်အနိုင်ယူပြီး အခုလို သိမ်းပိုက်လိုက်တာလို့ မနေ့က လူမူမီဒီယာမှာပြောလိုက်ပါတယ်။ ဒါ့အပြင် ကာဘူးက…