အင်္ဂလန်

ရုရှားကို အုပ်ဖို့ ရှယ်ကင်းထောက်လေယာဉ်ပျံနဲ့ ​ဗြိတိန်ချောင်းနေ

ဗြိတိန်လေတပ်က RC-135 Rivet Joint စုံစမ်းထောက်လှမ်းရေးလေယာဉ်ဟာ ကာလီနင်ဂ ရတ် အနီး ရုရှားနယ်စပ်နားမှာ ကင်းလှည့်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါလေယာဉ်ဟာ ဆက်သွယ်မှုစနစ်၊ ရေဒါနဲ့အခြားစနစ်ကနေ ထုတ်လွှင်တဲ့ အီလက်ထရောနစ် ဆိုင်ရာထုတ်လွှတ်မှုစကားစုတွေကို အာရုံခံဖို့အတွက် တည်ဆောက်ထားတဲ့လေယာဉ်စနစ်တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါလေယာဉ်တွေကို ထုတ်သုံးလာခြင်းဟာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စိန်ခေါ်မှု ခပ်ကြီးကြီးကို လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ တော်ဝင်လေတပ်ဝက်ဘ်ဆိုဒ်ရဲ့အဆိုအရတော့ RC-135 Rivet Joint လေယာဉ်ဟာ မဟာဗျူဟာနဲ့ နည်းဗျူဟာဆိုင်ရာ မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို တပ်ဖြန့်အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။…