ဟဇ်ဇ်ဘိုလာ

ဟစ်ဇ်ဘိုလာခေါင်းဆောင် အစ္စရေးကို တံတွေးနဲ့တွေးသလို စကားပြော

အီရန်ထောက်ခံသူ ဟစ်ဇ်ဘိုလာ ခေါင်းဆောင် Sheikh Hassan Nasrallah က လစ်ဘနွန်အပေါ် အစ္စရေးနဲ့ အနာဂတ်မည်သည့်တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်သွားဖို့အတွက် တောင်းဆိုလှုံဆော်လိုက်ပါတယ်။ ရန်သူကိုပြောချင်တာကတော့ လစ်ဘနွန်အပေါ် မည်သည့်လေကြောင်း တိုက်ခိုက်မှုမျိုးကိုမဆို လက်တုံ့ပြန်မယ်လို့လည်း ကြိမ်းမောင်းလိုက်ပါတယ်။ ဟစ်ဇ်ဘိုလာပျောက်ကြားတွေဟာ မနေ့က နယ်စပ်ကနေ ၁၂၂ မမ အတွဲလိုက် ဒုံးပစ်လောင်ချာစနစ်တွေနဲ့ အစ္စရေးဘက်ကို တုံ့ပြန်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုဆောင်ရွက်မှုတွေဟာ အစ္စရေးတို့သိမ်းပိုက်ထားတဲ့ ပါလက်စတိုင်းမြောက်ပိုင်းနဲ့ ဂိုလန်ကုန်းပြင်မြင့်အပေါ်မှာလည်း ဖြစ်နိုင်တယ်လို့လည်း သတိပေးထားကြောင်း…