မြန်မာကိုဗစ်သေဆုံးမှု အာဆီယံမှာ ၁ တူ ၃ ဝင်လာနေပြီနော်
ကိုဗစ်တတိယလှိုင်းဒဏ်နဲ့ ရင်ဆိုင်နေရဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရကိုပဲ စုစုပေါင်း သေဆုံးသူအရေအတွက်ဟာ အရှေ့တောင်အာရှဒေသမှာ အင်ဒိုနီးရှားနဲ့ ဖိလစ်ပိုင်ပြီးရင် တတိယအများဆုံးဖြစ်နေပါပြီ။ မြန်မာနိုင်ငံမှာ COVID-19 ကြောင့် သေဆုံးသူအရေအတွက် ၁၃,၀၀၀ နီးပါး ရှိနေပြီး စတုတ္ထအများဆုံးဖြစ်တဲ့ မလေးရှားနဲ့ဆိုရင် အရေအတွက် ၁,၀၀၀ နီးပါးကွာပါတယ်။ အာဆီယံလူဦးရေ စုစုပေါင်းရဲ့ သုံးပုံတပုံကျော်၊ နိုင်ငံလူဦးရေစုစုပေါင်း သန်း ၂၇၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ အာဆီယံဒေသမှာ ကူးစက် သေဆုံးသူအရေအတွက် အများဆုံးဖြစ်ပြီး…