သင်္ဘောဖျက်ဒုံးကျည်စနစ်

အမေရိကန်လေယာဉ်တင်သင်္ဘောတွေအတွက် အိမ်မက်ဆိုး၊ ရုရှားထုတ်ပြပြီ

ရုရှားလေတပ်ဟာ ၎င်းတို့ရဲ့နောက်ဆုံးထုတ် Kh-35U Anti-Ship Missile စနစ်တွေကို Su-34 ဗုံးကြဲလေယာဉ်မှာ တပ်ဆင်လိုက်ပြီဖြစ်တယ်လို့ သိရှိရပါတယ်။ ဒီလိုတပ်ဆင်ပြီး အသုံးချနိုင်ဖို့အတွက် ပစ်လွှတ်စမ်းသပ်မှုတွေကို ၂၀၁၈ ခုနှစ်ကတည်းကနေ အဆင့်ဆင့်စမ်းသပ်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ထိုသို့ပြုလုပ်ခဲ့တာကြောင့် ယခုနှစ်နွေရာသီမှာ တိုက်ပွဲဝင်အသင့်အနေအထား ကိုရောက်ရှိလာစေခဲ့တာဖြစ်ပြီး ရုရှားအရှေ့ဖျားဒေသဘက်မှာ ပစ်လွှတ်စမ်း သပ်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီလည်းဖြစ်တယ်လို့ မော်စကိုအခြေပြု သတင်းဌာန တွေအဆိုအရသိရှိရပါတယ်။ ပြီးခဲ့တဲ့ဧပြီလ ကတည်းက မတူညီတဲ့အမြင့်နဲ့ အမျိုးမျိုးသော ရာသီဥတု အကြားမှာ စမ်းသပ်စပ်လွှတ်မှုတွေကို…