သူများနိုင်ငံတွေက ဒရုန်းနဲ့တောင် ဝေဟင်ဆီဖြည့်နေပြီ
အမေရိကန်ရေတပ်၏ မောင်းသူမဲ့ Boeing MQ-25 လေယာဉ်က E-2D လေယာဉ််ကို ဝေဟင်ဆီဖြည့်တင်းခြင်းအား အောင်မြင်စွာထပ်မံပြုလုပ်နိုင်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါ E-2D Hawkeye စနစ်ဟာ အမိန့်ပေးထိန်းချုပ်ရေးလေယာဉ်စနစ်ပါ။ ဒီလိုဆီဖြည့်တင်းပေးနိုင်ခဲ့တာကြောင့်လည်း စစ်ဆင်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကို တာဝေးပိုမိုရောက်ရှိစေနိုင်မှာလည်းဖြစ်တယ်လို့ ဆိုပါတယ်။ ဒါဟာ ဒုတိယမြောက်ဆီဖြည့်တင်းခြင်း အစီအစဉ်လည်းဖြစ်ပါတယ်။ ပထမတစ်ခုကတော့ အမေရိကန်ရေတပ်ရဲ့ F/A-18 Super Hornet ကို ဖြည့်တင်းပေးခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။