လေယာဉ်တင်သင်္ဘော

နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောနဲ့ တရုတ်ကိုရန်ထောင်မယ့် အိန္ဒိယ

Cochin Shipyard Ltd က အင်ဂျင်နီယာတွေနဲ့ သင်္ဘောဒီဇိုင်းပညာရှင်တွေဟာ အိန္ဒိယရေတပ်အတွက် ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော Vikrant အားအပြီးသတ်အလုပ်များပေးနေစဉ်ပဲ နောက်ထပ် အလားအလာက လေယာဉ်တင်သင်္ဘောသစ်တစ်စီးကို ဆက်လက်တည်ဆောက်ဖို့ ကြံစည်နေတယ်လို့သိရှိရပါတယ်။ ဒီလေယာဉ်တင်သင်္ဘောဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့လည်း ဆိုလိုက်တာကြောင့် နျူကလီးယားသုံးလေယာဉ်တင်သင်္ဘောဖြစ်မလားလို့လည်း ထင်ကြေးပေးနေကြပါတယ်။ မည်သည့်ရန်လိုမှုမျိုးကိုမဆို အိန္ဒိယပင်လယ်ပြင်အတွက် လုံခြုံမှုပေးနိုင်မယ့် ရေယာဉ်မျိုးလို့လည်းဆိုပါတယ်။ အိန္ဒိယတာဝန်ရှိသူတွေကလည်း သူတို့မှာ ဒီလိုဆောင်ရွက်ဖို့အတွက် နည်းပညာဆိုင်ရာနဲ့ စွမ်းဆောင်ရည်ရှိတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။ အိန္ဒိယရေတပ်ဟာ ပြည်တွင်းထုတ် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော…


အိန္ဒိယက လေယာဉ်တင်သင်္ဘောရော၊ သင်္ဘောပေါ်က လေယာဉ်ရော ကိုယ်တိုင်ထုတ်ပြီး ဆော်နေ

အိန္ဒိယရေတပ်ဟာ သူ့ရဲ့ဖြစ်တည်လာမယ့် လေယာဉ်တင်သင်္ဘောအုပ်စု ၃ စီးစာအတွက် နိုင်ငံခြားထုတ် တိုက်လေယာဉ်စနစ်တွေကို အသုံးပြုမယ့်အစား ပြည်တွင်းထုတ် TEDBF (Twin Engine Deck Based Fighter) တိုက်လေ ယာဉ်စနစ်တွေကို အစားထိုးအသုံးပြုဖို့ ဦးစားပေးဆောင်ရွက်ဖို့ ရှိနေပါတယ်။ ဒီ့အတွက်ကြောင့်လည်း စုစုပေါင်းအစီးရေ ၁၀၀ ခန့်ကို မှာယူဖို့အတွက် ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ ဒါဟာ အိန္ဒိယရဲ့ Made in India ကို အကောင်အထည်ဖော်နေတဲ့ စီမံကိန်းရဲ့…


တရုတ်ကို လေယာဉ်တင်သင်္ဘောချင်း စီးချင်းထိုးဖို့ ပြင်လာတဲ့ အိန္ဒိယ

အိန္ဒိယက ပြည်တွင်းလုပ် လေယာဉ်တင်သင်္ဘောတစ်စင်းကို ပင်လယ်ပြင်၌ စမ်းသပ်မှုများ လုပ်ဆောင်ခဲ့သလို အမေရိကန်အပါအဝင် အခြားမဟာမိတ်နိုင်ငံများနှင့် ပူးတွဲ စစ်ရေးလေ့ကျင့်မှုတစ်ခု လုပ်ဆောင်ရန်လည်း စစ်ဆင်ရေးတပ်ဖွဲ့များကို စေလွှတ်ထားသည်။ ဩဂုတ်၄ ရက် နိုင်ငံတောင်ပိုင်း ကာရာလာ ပြည်နယ် ကမ်းလွန်ပင်လယ်ပြင်တွင် စမ်းသပ်မှုများကို စတင်ခဲ့သည့် INS Vikrant သည် အိန္ဒိယနိုင်ငံ၏ ဒုတိယမြောက် စတင်အသုံးပြုသည့် လေယာဉ်တင်သင်္ဘောဖြစ်သည်။ အိနိ္ဒယသည် ကိုယ်ပိုင်ဒီဇိုင်းဖြင့် လေယာဉ်တင်သင်္ဘောတည်ဆောက်နိုင်သည့် နို်ငငံဖြစ်လာပြီဖြစ်ကာ အစိုးရ၏ ‘Make in…