တူရကီကတော့ ကြီးကျယ်ခမ်းနားလာပြီ၊ ကိုယ်ပိုင်လေဆာစနစ်နဲ့ဘာနဲ့
တူရကီကုမ္ပဏီတစ်ခုဖြစ်သော Meteksan Defence Industry Inc. အနေဖြင့် မြေပြင်အခြေစိုက်လေဆာစနစ်ကို တီထွင်ထုတ်လုပ်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါစနစ်ကို ကုမ္ပဏီက NAZAR စနစ်ဟု အမည်ပေးထားပြီး IDEF 2021 ၌ ပထမဆုံးအကြိမ်ထုတ်ဖော်ပြသမည်ဖြစ်သည်ဟုဆိုသည်။ NAZAR System စနစ်သည် မြေပြင်အခြေစိုက်စနစ်တစ်ခုဖြစ်ပြီး မြေပြင် အခြေစိုက်စခန်းများနှင့် စက်ရုံများကို ပဲ့ထိန်းဒုံးကျည်များ၏ အန္တရာယ်မှ ကာကွယ်ရန်အတွက် တီထွင်ခဲ့ခြင်းဖြစ်သည်ဟုလည်းဆိုသည်။ NAZAR စီမံကိန်း၌ နိုင်ငံအနည်းငယ်သာ ဆောင်ရွက်နိုင်နေသေးသည့် နည်းပညာစနစ်များကို အသုံးပြုထားသည်ဟုဆိုသည်။…