တာလီဘန်တွေကျင့်သုံးတဲ့ ရှရီယာ ဥပဒေ ဆိုတာက ဘာပါလဲ၊
ရှရီယာလို့ခေါ်တဲ့ အစ္စလာမ်မစ်ဥပဒေနဲ့ အာဖဂန်နစ္စတန်ကို အုပ်ချုပ်မယ်လို့ တာလီဘန်တွေက ပြောပါတယ်။ တာလီဘန်ပြောခွင့်ရပုဂ္ဂိုလ်က မီဒီယာတွေ၊ အမျိုးသမီးအခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ပြောရာမှာ “အစ္စလာမ်မစ် ဥပဒေဘောင်အတွင်းက” အခွင့်အရေးတွေကို အလေးထား အကာအကွယ်ပေးသွားမယ်လို့ ဆိုပါတယ်၊ ဒါပေမယ့် လက်တွေ့မှာ အဲဒါတွေက ဘယ်လို ဖြစ်လာမှာလဲဆိုတာကို အသေးစိတ် ပြောမသွားပါဘူး။ တာလီဘန်တွေဟာ ရှာရီယာဥပဒေကို အဓိပ္ပါယ်ဖွင့်တဲ့နေရာမှာ သူတို့ရဲ့ တင်းကျပ်တဲ့ပုံစံနဲ့ ဖွင့်ဆိုခဲ့ကြတယ်လို့ အများကသတ်မှတ်ခဲ့ကြတာပါ။ လူသတ်သမားတွေ၊ အိမ်ထောင်ရေးဖောက်ပြန်သူတွေကို လူအများမြင်ကွင်းရှေ့မှာ သတ်ဖြတ်စီရင်တာတွေ…