ရဲစခန်း

ခရိုင်ရဲစခန်းကို PDFက ဝင်ရောက်စီးနင်း D-Day အစ ခရိုင်ရဲစခန်းကလား

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ် ခရိုင်ရဲစခန်းအား ဒေသခံပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ ရဲအချို့ ဒဏ်ရာရရှိသွားခဲ့သည်။ ယမန်နေ့ (ဩဂုတ် ၂၇ ရက်) ညပိုင်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မင်းဘူး(စကု) ပြည်သူ့ကာကွယ်ရေးတပ်၏ ပြန်ကြားရေးတာဝန်ခံက မဇ္ဈိမကိုပြောသည်။ “ ညပိုင်းစခန်းထဲကို ဗုံးနှစ်လုံးနဲ့ပစ်လိုက်တာ တစ်လုံးကွဲတယ်။ ဗုံးက လက်လုပ်ဗုံးမဟုတ်ပါဘူး။ အစစ်ပါ။ ဗုံးကွဲတော့ စခန်းထဲက သေနတ်တွေနဲ့ရမ်းပြီးတော့ ပစ်တယ်။ ကျွန်တော်တို့လဲ နေရာယူထားတဲ့နေရာက ပြန်ပစ်ပြီး…