ရေတပ်

နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောနဲ့ တရုတ်ကိုရန်ထောင်မယ့် အိန္ဒိယ

Cochin Shipyard Ltd က အင်ဂျင်နီယာတွေနဲ့ သင်္ဘောဒီဇိုင်းပညာရှင်တွေဟာ အိန္ဒိယရေတပ်အတွက် ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင်သင်္ဘော Vikrant အားအပြီးသတ်အလုပ်များပေးနေစဉ်ပဲ နောက်ထပ် အလားအလာက လေယာဉ်တင်သင်္ဘောသစ်တစ်စီးကို ဆက်လက်တည်ဆောက်ဖို့ ကြံစည်နေတယ်လို့သိရှိရပါတယ်။ ဒီလေယာဉ်တင်သင်္ဘောဟာ စိတ်လှုပ်ရှားဖွယ်ကောင်းတယ်လို့လည်း ဆိုလိုက်တာကြောင့် နျူကလီးယားသုံးလေယာဉ်တင်သင်္ဘောဖြစ်မလားလို့လည်း ထင်ကြေးပေးနေကြပါတယ်။ မည်သည့်ရန်လိုမှုမျိုးကိုမဆို အိန္ဒိယပင်လယ်ပြင်အတွက် လုံခြုံမှုပေးနိုင်မယ့် ရေယာဉ်မျိုးလို့လည်းဆိုပါတယ်။ အိန္ဒိယတာဝန်ရှိသူတွေကလည်း သူတို့မှာ ဒီလိုဆောင်ရွက်ဖို့အတွက် နည်းပညာဆိုင်ရာနဲ့ စွမ်းဆောင်ရည်ရှိတယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။ အိန္ဒိယရေတပ်ဟာ ပြည်တွင်းထုတ် နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘော…


ရက်ပေါင်း ၉၀ ဆက်တိုက်ပျံနိုင်တဲ့အမေရိကန်ရေတပ်လေယာဉ်ကြောင့် မျက်ခုံးလှုပ်နေကြပြီ

လေယာဉ်တောင်ပံတွေမှာ ဆိုလာပြားတွေတပ်ဆင်ပြီး ရက်ပေါင်း ၉၀ ကြာ လေထဲမှာ ဆက်တိုက်ပျံသန်းနိုင်မယ့် နေရောင်ခြည်စွမ်းအင်သုံး မောင်းသူမဲ့ လေယာဉ်စနစ်တစ်မျိုးကို အမေရိကန်ရေတပ်က တီထွင်နေပါတယ်။ အဆိုပါလေယာဉ်ကို Skydweller လို့အမည်ပေးထားပြီး အမေရိကန်-စပိန် ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်တဲ့ Skydweller Aero ကနေ တည်ဆောက်နေခြင်း လည်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ ပင်လယ်ပြင်ကိုစောင့်ကြည့်ဖို့၊ သင်္ဘောတွေကို လအတန်ကြာ စောင့်ရှောက်ဖို့နဲ့ ဆက်သွယ်မှုစနစ်အတွက် ကြားခံအဖြစ် အသုံးပြုလိုတာကြောင့်လို့ဆိုပါတယ်။ ဒီလိုလေယာဉ်ထုတ်လုပ်ဖို့အတွက် အမေရိကန်နဲ့ အမေရိကန်ဒေါ်လာ ၅ သန်း…