ရထားလမ်း

တစ်နိုင်ငံလုံးတိုင်ပတ်နေပါတယ်ဆိုမှ တရုတ်က မြန်မာနဲ့ချိတ်ဆက်တဲ့ရထားလမ်းကို ထဖွင့်

“တရုတ်- မြန်မာလမ်းကြောင်းသစ်”လို့ အမည်တပ်ထားတဲ့ ယူနန်ပြည်နယ်၊ လင်ချမ်းခရိုင်နဲ့ မြန်မာပြည်တွင်း ဆက်သွယ်မယ့် တရုတ်ဘက်အခြမ်း ရထားလမ်းပိုင်းကို ဗုဒ္ဓဟူးနေ့က ဖွင့်လှစ်လိုက်ပါတယ်။ ဒီလမ်းပိုင်းက တရုတ်ရဲ့ ရပ်ဝန်းနဲ့လမ်းကြောင်း BRI စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် အခြေအနေတွေ ရှုပ်ထွေးနေပေမယ့် တရုတ်ဘက်က သူတို့အစီအစဉ်အတိုင်း ဆက်လုပ်နေပါတယ်။ မြန်မာနိုင်ငံ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး မြို့တခုဖြစ်တဲ့ ချင်းရွှေဟော်ရဲ့ တဖက်ကမ်းမှာ ဒီရထားလမ်းသစ် ဖွင့်ပွဲကို ကျင်းပခဲ့တာပါ။…


ဂျင်းထည့်မယ့် တရုတ်-မြန်မာ ရထားလမ်းအတွက် အဓိကကျတဲ့လိုဏ်ဂူကြီးပြီးပြီတဲ့

ဒါလီဘိုင် ကိုယ်ပိုင်အုပ်ချုပ်ရေး စီရင်စုနဲ့ ရွှေလီမြို့တို့အကြား ဆက်သွယ်တဲ့ ရထားလမ်းကို ယူနန်ပြည်နယ်မှာ ဖောက်လုပ်လျက် ရှိရာ အဓိကကျသည့် လိုဏ်ဂူတစ်ခုကို ဇူလိုင်လကုန်ပိုင်းတွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။ အဆိုပါ လိုဏ်ဂူသည် အလျား ၁၄.၆၆ ကီလိုမီတာ ရှည်ပြီး Dapoling Tunnel ဟု အမည်တွင်ပါတယ်။ တရုတ်-မြန်မာ နိုင်ငံတကာရထားလမ်း စင်္ကြံအတွက် အရေးပါတဲ့ရထားလမ်းပိုင်းဖြစ်တဲ့ ၃၃၀ ကီလိုမီတာ ရှည်လျားတဲ့ ဒါလီ-ရွှေလီ ရထားလမ်းပိုင်းအတွက် အခရာကျသည့် လိုဏ်ဂူဖြစ်ပြီး ဖြစ်ပါတယ်လို့…