မြောက်ကိုရီးယား

မြောက်ကိုရီးယားထမင်းငတ်နေပြီလား နျူကလီးယားလက်နက်ပြန်လုပ်နေပြန်ပြီ

မြောက်ကိုရီးယားနိုင်ငံသည် နျူကလီးယားလက်နက်များအတွက် ပလူတိုနီယံများထုတ်လုပ်နိုင်ရန် နျူကလီးယားဓါတ်ပေါင်းဖိုကို ပြန်လည်လည်ပတ်လုပ်ကိုင်ခဲ့ပုံပေါ်ကြောင်း ကုလသမ္မဂ္ဂနျူကလီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့၏ နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားသည်ဟု ရိုက်တာသတင်းတွင်ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၂ဝဝ၉ ခုနှစ်နောက်ပိုင်းကတည်းက နျူကလီးယားစုံစမ်းစစ်ဆေးရေးအရာရှိများကိုနှင်ထုတ်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ နျူကလီးယားစွမ်းအင်အေဂျင်စီ (IAEA) သည် မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယားလုပ်ဆောင်နေမှုကို နိုင်ငံအတွင်းဝင်ရောက်လေ့လာနိုင်ခြင်းမရှိတော့ကြောင်းသိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၎င်းတို့၏နျူကလီးယားဓါတ်ပေါင်းဖိုများကို ၂ဝ၁၈ ခုနှစ်ဒီဇင်ဘာအစောပိုင်းမှ ၂ဝ၂၁ ခုနှစ် ဇူလိုင်လအစောပိုင်းအထိလည်ပတ်လုပ်ကိုင်ခြင်းမျိုးမရှိခဲ့သော်လည်း ၂ဝ၂၁ခုနှစ် ဇူလိုင်လအစောပိုင်းကစတင်ပြီး ယွန်ဗြောင်းနျူကလီးယားဓါတ်ပေါင်းဖိုလည်ပတ်မှုများ လုပ်နေကြောင်း နိုင်ငံတကာနျူကလီးယားစွမ်းအင်စောင့်ကြည့်ရေးအေဂျင်စီ (IAEA) ၏ နှစ်ပတ်လည်အစီရင်ခံစာတွင်ဖော်ပြထားသည်။…


မြောက်ကိုရီးယားကို အမေရိကန် ပြန်ချော့

မြောက်ကိုရီးယားသံတမန်များနှင့် မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိနေသည်ဟု အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်၏ မြောက်ကိုရီးယားဆိုင်ရာ အထူးသံတမန် ဆောင်းကင်က သြဂုတ်လ ၂၃ ရက်တွင် တောင်ကိုရီးယား အရာရှိများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုများကြောင့် တင်းမာမှုများ မြင့်တက်နေပြီး မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်ရေးမျှော်လင့်ချက်များ လျော့ကျနေချိန်တွင် ဆောင်းကင်က တောင်ကိုရီးယားသို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုများသည် စစ်ရေးအရ ကျူးကျော်ဝင်ရောက်ရန် အစမ်းလေ့ကျင့်ပြင်ဆင်မှုများ…


မြောက်ကိုရီးယားကိုဂရုမစိုက်ဘူးလို့ တောင်နဲ့အမေရိကန်ပြော..စစ်ရေးလေ့ကျင့်မှုဆက်လုပ်

တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နှစ်စဉ်ပြုလုပ်နေကျဖြစ်သည့် ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ်လ ၁၆ ရက်တွင် စတင်ပြုလုပ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ယင်းပူးတွဲစစ်ရေး လေ့ကျင့်မှုများသည် သံတမန်ရေးနှင့် လုံခြုံရေး အကျပ်အတည်းများဖြစ်နိုင်သည်ဟု မြောက်ကိုရီးယား၏ သတိပေးမှုများရှိနေသည့်ကြားက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် နွေဦးရာသီနှင့် နွေရာသီများတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို ပုံမှန်ပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားကမူ ယင်းစစ်ရေးလေ့ကျင့်မှုများသည် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ ဖြစ်ကြောင်း ပြောကြားကာ ဒေါသတကြီး တုံ့ပြန်ခဲ့သည်။ “COVID-19 ကပ်ရောဂါအခြေအနေကို ထည့်သွင်းစဉ်းစားပြီးတဲ့နောက်မှာ…


သစ္စာဖောက်တောင်ကိုရီးယားကောင်တွေဟု ကင်ဂျုံအန်ညီမ ဒဲ့ကစ်

တောင်ကိုရီးယားနှင့် အမေရိကန်၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုနှင့် ပတ်သက်ပြီး တောင်ကိုရီးယားအစိုးရသည် သစ္စာမဲ့ခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ ညီမဖြစ်သူ ကင်ယုံဂျိုက သြဂုတ် ၁၀ ရက်တွင် ဝေဖန်ခဲ့သည်။ အမေရိကန်နှင့် တောင်ကိုရီးယားအနေဖြင့် ကြီးမားသည့် လုံခြုံရေး ခြိမ်းခြောက်မှုကို ရင်ဆိုင်ရလိမ့်မည်ဟု သတိပေးခဲ့သည်။ တောင်ကိုရီးယား‌သမ္မတ မွန်းဂျေအင်းနှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့အကြား ပုဂ္ဂိုလ်ရေးအရစာများ အပြန်အလှန်ပေးပို့ကြခဲ့ပြီးနောက် ကိုရီးယားကျွန်းဆွယ်ပေါ်တွင် ဆက်ဆံရေးများ ပြေပြစ်လာသည့်တိုင် ကင်ယုံဂျို၏ မှတ်ချက်စကားများ ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ကိုရီးယားနှစ်နိုင်ငံသည် ပြီးခဲ့သည့်နှစ်က…


ဘယ်သူမှ ဂ ရု မစိုက် ဘူးဟုဆိုကာ မြောက်ကိုရီးယားနျူကလီးယားဆက်ထုတ်

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်တွေကို အခု ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် အတွင်းမှာ ဆက်လက် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လျိူ့ဝှက်အစီရင်ခံစာမှာ သောကြာနေ့က တွေ့ရှိရတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတွင်း စီးပွါးရေးအခြေနေပိုဆိုးလာနေတဲ့ကြားကပဲ မြောက်ကိုရီးယားက နိုင်ငံတကာဒဏ်ခတ်အရေးယူမှုကို ချိုးဖေါက်ပြီး နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီစဉ်တွေကို ဆက်လုပ်နေတာဖြစ်ကြောင်း ကုလသမဂ္ဂဒဏ်ခတ်အရေးယူမှု ဆိုင်ရာ စောင့်ကြည့်သူတွေက ပြောပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကတော့…