မြေယာအငြင်းပွားမှု

ဇလုပ်ဝိုင်းအနီး မြေယာမှု ရုန်းရင်းဆန်ခတ်ဖြစ်ရာက တစ်ဦးထပ်မံသေဆုံး

မုံရွာဂေဇက် မုံရွာ၊ဇန်နဝါရီ-၁၂ မုံရွာမြို့၊ချမ်းမြဝတီရပ်ကွက်၊ရွှေဇလုပ်အဝိုင်းအနီး မြေနေရာတစ်ခု (ကျေးရွာဘောလုံးကွင်း) တွင် ယနေ့မွန်းလွဲပိုင်းက ခြံလာခတ်ရာ၊ မြေယာပိုင်ဆိုင်မှု အငြင်းပွားပြီး ရုန်းရင်းဆန်ခတ်ဖြစ်ရာကတဆင့် နောက်ထပ်တစ်ဦး ထပ်မံသေဆုံးသည်။ ခြံခတ် အလုပ်သမားအဖွဲ့မှ နန္ဒဝန်ရပ်ကွက်နေ အသက် ၃၃နှစ်ရှိ အမျိုးသားတစ်ဦးသည် ဦးခေါင်းနောက်စေ့ပြတ်ရှ၊ ယာဘက်ချိုစောင်းပြတ်ရှဒဏ်ရာနှင့် ဓါးဖြင့်ခုတ်ခံရသည့် ဒဏ်ရာများရရှိခဲ့ပြီး ညနေ ၅ နာရီခန့်က မုံရွာဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေစဉ် သေဆုံးကြောင်း ရဲတပ်ဖွဲ့က အတည်ပြုသည်။ ထို့အတွက် ယခုဖြစ်စဉ်တွင် နှစ်ဦးသေဆုံးမှု ရှိခဲ့ခြင်းဖြစ်သည်။”…