မြန်မာ

အာဆီယံထဲက မြန်မာထွက်လိုက်တော့မှာလား

စစ်အာဏာသိမ်း မြန်မာကို ကိုင်တွယ်ဖို့ အာဆီယံ ခေါင်းခြောက်နေပါတယ်။ မနှစ်က ဧပြီမှာ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဂျကာတာ ပင့်ဖိတ်ပြီး ဘုံသဘောတူညီချက်တွေ ရယူခဲ့ပေမယ့် ဘာမှဖြစ်မလာလို့ ထိပ်သီးအစည်းအဝေးတွေက မြန်မာစစ်ခေါင်းဆောင်ကို ပထုတ်ထားရသလို မြန်မာစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကိုလည်း ဖယ်ထုတ်ထားခဲ့ပါတယ်။ အခုကျင်းပနေတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ သွားတက်တဲ့ အာဆီယံနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေကလည်း မြန်မာစစ်ကောင်စီကို ဘုံသဘောတူညီချက်တွေ မလိုက်နာရင် ပိုဖိအားပေးမယ့် လေသံတွေ ပစ်နေကြပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့…


မိုးထစ်ချုန်းရွာမယ့် ဒေသများ

မိုးထစ်ချုန်းရွာမယ့် ဒေသများ နေ့စဉ်မိုးလေဝသသတင်း (၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၃)ရက်နေ့ နံနက်(၇:၀၀)နာရီအချိန် ထုတ်ပြန်ချက်) ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် တိမ်ထူထပ်နေပြီး၊ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေအားအသင့်အတင့်မှ အားကောင်းနေပါသည်။ ယနေ့ညနေအထိခန့်မှန်းချက်။ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့်…


“ဝ”ကို ပြည်နယ် တကယ်ပေးမှာလား

စစ်တပ်က အာဏာမသိမ်းမီ ၂၀၁၉ ခုနှစ် ဇွန်လက နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ UWSA “ဝ” တပ်ဖွဲ့ရဲ့ နှစ် ၃၀ ပြည့်မှာ လက်နက်အပြည့်အစုံနဲ့ စစ်ရေးပြပွဲလုပ်ခဲ့တာကို “တပ်မတော်က အစွမ်းကုန် သည်းခံနေရတယ်” လို့ အဲဒီတုန်းက ဗိုလ်ချုပ် စိုးနိုင်ဦးက ပြောခဲ့တာကို မှတ်မိကြဦးမှာပါ။ အစွမ်းကုန် သည်းခံခဲ့ရတဲ့ မြန်မာစစ်တပ်ဟာ သူ အာဏာသိမ်းပြီးတဲ့နောက် နေပြည်တော်ကို ရောက်လာတဲ့ “ဝ”ခေါင်း ဆောင်တွေကို…


ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေးမ၀ယ်ယူကြရန် YUG တိုက်တွန်း

အမျိုးသားညီညွတ်ရေးအစိုးရမှ စက်တင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံတော်အားအရေးပေါ်အခြေအနေ‌ ကြေညာပြီးသည့်နောက် ရန်ကုန်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စိုးရိမ်တကြီး ဈေး၀ယ်ယူစုဆောင်းခြင်း များမပြုလုပ်ရန် ရန်ကုန်မြို့ပြ ပျောက်ကြားအဖွဲ့ (YUG)မှ တိုက်တွန်းလိုက်သည်။ ပြည်သူများအနေဖြင့် တော်လှန်ရေးအင်အားစုများနှင့်အတူ တတ်စွမ်းသည့် နယ်ပယ်ကဏ္ဍတို့မှ ပူးပေါင်းပါဝင်ပေးကြရန်လည်း ၎င်းအဖွဲ့က မေတ္တာရပ်ခံထားသည်။ သတင်းအချက်အလက်များကို သေချာစိစစ်ပြီးမှ ယုံကြည်ရန်၊ တော်လှန်ရေးအင်အားစုများ၏ တည်နေရာများ အင်အားများအား ဖော်ထုတ်တင်ပြခြင်းမပြုရန်၊ စိုးရိမ်ထိတ်လန့်စွာ ဈေးဝယ်စုဆောင်းခြင်းများ မလုပ်ကြရန်နှင့် စစ်ကောင်စီအား သတင်းပေးခြင်း ပူးပေါင်းခြင်းများကို…


 မြန်မာဈေးကွက်ထဲကနေ ပြန်ထွက်မသွားဘူးလို့ ထိုင်းဘီလျံနာလုပ်ငန်းစု ကြေညာ

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါပြသနာနဲ့ နိုင်ငံရေးအရှုပ်အထွေးတွေ ရှိနေပေမယ့် အားကောင်းတဲ့ ဈေးကွက်ရှိနေဆဲဖြစ်တာကြောင့် ရင်းနှီးမြုပ်နှံမှုတွေ ဆက်လုပ်သွားမယ်လို့ ထိုင်းဘီလျံနာလုပ်ငန်းစု Osotspa က အသိပေးလိုက်ပါတယ်။ ဒုတိယကမ္ဘာမတိုင်မီကတည်းကတည်ရှိပြီး နှစ်ပေါင်း(၁၃၀)ကျော် ရှိနေပြီဖြစ်တဲ့ ထိုင်းအဖျော်ယမကာ လုပ်ငန်းစုဟာ မြန်မာနိုင်ငံထဲမှာ ဈေးကွက်ဝေစုကြီးကြီးမားမား ရထားပြီးတာကြောင့် မတည်မငြိမ်ဖြစ်နေ မှုတွေကို သီးခြားကဏ္ဍလိုသတ်မှတ်ပြီး ဆက်လက်လုပ်ကိုင်သွားဖို့ စဉ်းစားတာမျိုးဖြစ်တယ်လို့ ကုမ္ပဏီရဲ့ ထိပ်တန်းတာဝန်ရှိသူတွေက ပြောပါတယ်။ “ မြန်မာနိုင်ငံမှာ ကိုဗစ်နဲ့ နိုင်ငံရေးမတည်မငြိမ်ဖြစ်မှုတွေ ရှိနေပေမယ့် ဈေးကွက်ကတော့ ခိုင်မာအား…


တစ်ကမ္ဘာလုံးထမင်းငတ်နေသော်လည်း တရုတ်ကြီးပန်းပန်လျက်ရှိ

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအကြပ်အတည်းဖြစ်နေချိန်တွင် တရုတ်၏ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်ရေးသည် ပြီးခဲ့သည့်လက စံချိန်တင်အဆင့်ထိ မြင့်တက်လာခဲ့ကြောင်း CNN သတင်းဖော်ပြချက်အရသိရသည်။ အင်္ဂါနေ့(စက်တင်ဘာလ ၇ရက်)က ထုတ်ပြန်သည့် အကောက်ခွန်စာရင်းများအရ သြဂုတ်လတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ပမာဏ (၂၅.၆) ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး သွင်းကုန်ပမာဏသည်လည်း (၃၃.၁) ရာခိုင်နှုန်းမြင့်တက်လာခဲ့ကာ ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၂၃၆) ဘီလျံထိရှိခဲ့ကြောင်း သိရသည်။ coronavirus ကူးစက်မှုများကြောင့် စီးပွားရေးကို ပိုမိုဆိုးရွားစေခဲ့သော်လည်း သြဂုတ်လ၏ ကိန်းဂဏန်းများသည် စီးပွားရေးပညာရှင်များ၏…


ကိုဗစ်ကြောင့် အငတ်ဘေး၊ လူလှိုင်းကြီးတွေနဲ့ အတူ ကွာဟချက် ပိုများလာမည့် ကမ္ဘာကြီး

၂၀၁၉ နှစ်ကုန်ပိုင်းကနေ တရုတ်နိုင်ငံ ဝူဟန်မြို့မှာ စခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာ တစ်နှစ်ကျော်ကြာခဲ့ပြီးတဲ့နောက် ကမ္ဘာတစ်ဝန်းမှာ ဇူလိုင်လ(၄)ရက်နေ့ အထိ စာရင်းအရ ဖြစ်ပွားသူပေါင်း ၁၈၄ သန်း ( ကမ္ဘာ့လူဦးရေရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းကျော်)၊ သေဆုံးသူ ၄ သန်းနီးပါး( ၃ ဒသမ ၉၇ သန်းကျော်) ရှိပြီဖြစ်ပါတယ်။ နေ့စဉ် အသစ်ဖြစ်ပွားသူ(၄)သိန်းကျော်ရှိနေကြောင်း သိရပါတယ်။ ရောဂါကိုကာကွယ်ဖို့ ကာကွယ်ဆေးတွေ ပေါ်လာခဲ့သလို ရောဂါပိုးမျိုးစိတ်တွေကလည်း…


နိုင်ငံတကာလေကြောင်းများ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို ရှေ့လကုန်အထိယာယီကန့်သတ်

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါကူးစက်ဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးဆောင်ရွက်ရာတွင် နိုင်ငံတကာမှလေ ကြောင်းခရီးစဉ်များဖြင့် ခရီးသည်များဝင်ရောက်လာမှုကို ကန့်သတ်ထိန်းချုပ်နိုင်ရေးသည် များစွာအရေးပါသည့် အ တွက် နိုင်ငံတကာလေကြောင်းလိုင်းများ မြန်မာနိုင်ငံသို့ ပျံသန်းဆင်းသက်ခြင်းကို စက်တင်ဘာလကုန်အထိ ယာ ယီကန့်သတ်လိုက်ကြောင်း ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှသိရသည်။ ကမ္ဘာ့နိုင်ငံအများစုတွင် COVID-19 ကပ်ရောဂါကူးစက်ပျံ့ပွားမှုနှုန်းမြင့်တက်နေလျက်ရှိသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ နိုင်ငံတကာလေကြောင်းခရီးသည်များမှတစ်ဆင့် COVID-19 ရောဂါပိုး ကူးစက်မှုအန္တရာယ်မှ ဆက် လက်၍ တားဆီးကာကွယ်နိုင်ရေးအတွက် ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာခရီးသည်တင်…


ဆီလုပ်ငန်းရှင်များထံမှ ဒီဇယ်ဆီများ စစ်ကောင်စီ အလှူခံ

စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလည်ပတ်ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက်ဟုဆိုကာစက်သုံးဆီဖြန့်ဖြူးရောင်းချရေးအသင်းဝင်များကို ဒီဇယ်ဆီများ မန္တလေးတွင် အလှူခံနေသည်။ မန္တလေးတိုင်းဝန်ကြီးချုပ်၏လမ်းညွှန်ချက်အရဆိုကာ ဩဂုတ်လ ၂၆ ရက်နေ့နေ့စွဲဖြင့် တောင်းခံသောစာတွင် ရွှေကြက်ယက်ဆိပ်ကမ်းကို အခြေပြုပြီး စက်သုံးဆီလုပ်ငန်း လုပ်ကိုင်နေကြသော ကုမ္ပဏီများနှင့် လုပ်ငန်းရှင်များကို “စေတနာတတ်အားသရွှေ့” လှူဒါန်းပေးကြပါရန်ဟုဖော်ပြထားသည်။ မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပုဂ္ဂလိက ဘဏ်အများအပြား ပိတ်ထားခဲ့ရပြီး ဘဏ်လုပ်ငန်းများ နှောင့်နှေးကြန့်ကြာမှုများကြောင့် ပြည်ပသွင်းကုန်ဖြစ်သည့် စက်သုံးဆီတင်သွင်းမှု ငွေပေးချေရာတွင် အခက်အခဲရှိလာသည်။ ထို့အပြင် မြန်မာငွေကြေးတန်ဖိုး ကျဆင်းလာမှုကြောင့်လည်း…


မိမိသည် တိုင်းပြည်တည်ဆောက်သူဟု မအလ ပြော

နိုင်ငံတည်ဆောက်သူ စစ်သားတစ်ဦးဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သူ့ကိုယ်သူ ရည်ညွှန်း ပြောဆို အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းသည် နိုင်ငံတည်ဆောက်သူ စစ်သားတစ်ဦးဖြစ်ကြောင်း သူ့ကိုယ်သူ ရည်ညွှန်းပြောဆိုလိုက်သည်။ ရုရှားနိုင်ငံထုတ် Politic Magazine နှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။မင်းအောင်လှိုင်က ၎င်းသည် စစ်သားတစ်ဦးဖြစ်ပြီး နိုင်ငံရေး အလုပ်ထက် နိုင်ငံတည်ဆောက်သူ အလုပ်ကို သာ စိတ်ဝင်စား…