မော်စကို

VR စွဲလန်းသွားလို့ ခိုင်းမရဖြစ်နေတဲ့ နွားတွေ

နွားတွေကို VR တပ်ပေးတဲ့ ပေါက်ပေါက်ရှာရှာအတွေးကို ၂၀၁၉ လောက်မှာ ရုရှားလယ်သမားတွေက စခဲ့ပါတယ်။ ရည်ရွယ်ချက်က သူတို့လယ်တွေမှာ အလုပ်တွေခိုင်းပြီးရင် အပန်းဖြေတဲ့အနေနဲ့ တီဗီကြည့်ခိုင်းတာမျိုးပါ။ အဲဒီကနေ တဖြည်းဖြည်းအဆင့်မြင့်လာပြီး၊ အနီရောင်ကာလာအခြေပြု VR ကိုပါတပ်ပေးနိုင်ခဲ့ပါတယ်။ နွားကြီးမျက်စိထဲ လယ်ကွင်းစိမ်းစိုနေတဲ့နေရာမှာ မြက်နုနုလေးတွေနဲ့ သာယာနေတဲ့ရှုခင်းမျိုးဖန်တီးပေးထားပါတယ်။ VR နဲ့တကယ့်ကို ပျော်မွေ့နေမယ့်ခံစားချက်မျိုးရအောင်ပါ။ ဒီလိုမျိုးဖန်တီးပေးတာဟာ ရုရှားနိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာနကနေ နိုင်ငံတော်အဆင့်နဲ့ကို လုပ်ပေးတာဖြစ်ပါတယ်။ နွားတွေရဲ့မျက်လုံးက အနီရောင်လက်ခံမှုကိုအားကောင်းတဲ့အတွက် နွားတွေကိုကာလာညိှပေးမယ့် VR တွေကို…