မင်းသား

သရဲပူးသလိုဖြစ်ပြီး ချစ်သူကို ၂၀ ချက်တိတိ ဓါးနဲ့ ထိုးပစ်လိုက်တဲ့ ထိုင်းမင်းသား

ဘီယာအတူတူသောက်ရင်း ချစ်သူကောင်မလေးအား ဓါးဖြင့်အချက်(၂၀) ကျော်ထိုးသတ်လိုက်တဲ့ ထိုင်းဇာတ်လမ်းတွဲ သရုပ်ဆောင် ” Toy Toy ” သြဂုတ်လ(၆)ရက်နေ့က ထိုင်းဇာတ်လမ်းတွဲသရုပ်ဆောင် Toy Thanaphat ဟာ ချစ်သူဖြစ်သူ အသက် ၂၁နှစ်အရွယ် အမျိုးသမီးကို နေအိမ်မှာ ဓါးဖြင့်အချက် ၂၀ ကျော်ထိုးသတ်ပြီး ဖမ်းစီးခံခဲ့ကြောင်းသိရပါတယ်။ ရဲတွေရောက်ရှိလာချိန်မှာ Toy Thanaphat ဟာ ဓါးဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ချစ်သူရုပ်အလောင်းဘေးမှာ သစ်သီးလှီးဓါးနဲ့အတူ ထိတ်လန့်စွာထိုင်နေတာကို ရဲတပ်ဖွဲ့က ဖမ်းစီးခဲ့တာပဲဖြစ်ပါတယ်။…