အနီကတ်ပြတာကို ကစားသမားက မကျေနပ်လို့ ဒိုင်က သေနတ်နဲ့ပါ ထပ်ပစ်
အမေရိကန်နိုင်ငံ၊ အုက္ကလာဟိုးမားပြည်နယ်၊ ပေါလ်ဗယ်လီစပေါ့ အားကစားကွင်းမှာလို့ သိရပါတယ်။ ဒါဗီဘာဇတ်ဆိုတဲ့ ဒိုင်လူကြီးက အဆိုပါကွင်းမှာကန်တဲ့ ဘောလုံးပွဲကို ကွင်းလယ်ဒိုင်တာဝန်နဲ့ ရောက်လာပါတယ်။ ပွဲထဲကန်ကျရင်း ကစားသမားတယောက်ကို တိုက်ရိုက်အနီကတ်ပြလိုက်ချိန်မှာ ကစားသမားနဲ့ ဒိုင်လူကြီးကြား တင်းမာမှုတွေဖြစ်လာခဲ့ပါတယ်။ လုံးထွေးသတ်ပုတ်တာတွေဖြစ်လာချိန်မှာ ဒိုင်လူကြီးက စိတ်ဆိုးဆိုးနဲ့ သူ့ကားရှိတဲ့ဖက်ကို ထွက်သွားပါတယ်။ ပြန်လာတော့ လက်ထဲမှာ ပစ္စတိုနဲ့ပါ။ ကံကောင်းချင်တော့ ပွဲကရုပ်သံလွှင့်တာရှိတဲ့အတွက် အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားနိုင်လိုက်ပါတယ်။ ဒိုင်လူကြီးက သေနတ်တကားကားနဲ့ သူနဲ့ရန်ဖြစ်တဲ့ဘောလုံးသမားကို ချိန်ပြီး ခပ်မြန်မြန် အနားကိုကပ်လာပါတယ်။…