ဗြိတိန်

အာဖဂန်ကိုပြန်ကူဖို့ ဗြိတိန်နဲ့အမေရိကန်ပေါင်း အင်အား ၃၆၀၀ အရေးပေါ်တပ်ဖြန့်ပြီ

ဗြိတိန်လေထီးတပ်သား ၆၀၀ နဲ့ အမေရိကန် စစ်သည် ၃၀၀၀ ခန့်ဟာ အာဖဂန်နစ္စတန် နယ်မြေကို အရေးပေါ် ပြန်လည် တပ်ဖြန့်လိုက်ပြီလို့ သိရှိရပါတယ်။ ဒီလိုတပ်ဖြန့်လိုက်တာဟာ ဒုတိယမြို့တော်ဖြစ်တဲ့ Kandahar မြို့တော် တာလီဘန်တွေလက်ထဲကို ကျရောက်ခဲ့တဲ့ အချိန်မှာလည်းဖြစ်ပါတယ်။ ဗြိတိန်အစိုးရကတော့ အာဖဂန်ဝန်ထမ်းဟောင်းတွေနဲ့ ဗြိတိန်နိုင်ငံသားတွေကိုကယ်ထုတ်ဖို့အတွက်ဖြစ်တယ်လို့ဆိုပါတယ်။ တာလီဘန်တို့အလံကို အဆိုပါမြို့တော်ရဲ့ ရဲဌာနချုပ်မှာ လွှင့်ထူခဲ့တာ တွေ့မြင်ခဲ့ရသလို လက်နက်နဲ့ယာဉ်တွေကိုလည်း သိမ်းပိုက်လိုက်ပြီ ဖြစ်တယ်ဆိုတာလည်း ထပ်မံတွေ့ခဲ့ရပါတယ်။ အာဖဂန်တပ်သားတွေက လက်နက်အလွယ်တကူချလို့ ဒီလိုသိမ်းပိုက်နိုင်…


ရုရှားကို အုပ်ဖို့ ရှယ်ကင်းထောက်လေယာဉ်ပျံနဲ့ ​ဗြိတိန်ချောင်းနေ

ဗြိတိန်လေတပ်က RC-135 Rivet Joint စုံစမ်းထောက်လှမ်းရေးလေယာဉ်ဟာ ကာလီနင်ဂ ရတ် အနီး ရုရှားနယ်စပ်နားမှာ ကင်းလှည့်မှုတွေပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ အဆိုပါလေယာဉ်ဟာ ဆက်သွယ်မှုစနစ်၊ ရေဒါနဲ့အခြားစနစ်ကနေ ထုတ်လွှင်တဲ့ အီလက်ထရောနစ် ဆိုင်ရာထုတ်လွှတ်မှုစကားစုတွေကို အာရုံခံဖို့အတွက် တည်ဆောက်ထားတဲ့လေယာဉ်စနစ်တစ်ခုလည်းဖြစ်ပါတယ်။ အဆိုပါလေယာဉ်တွေကို ထုတ်သုံးလာခြင်းဟာ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ စိန်ခေါ်မှု ခပ်ကြီးကြီးကို လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။ တော်ဝင်လေတပ်ဝက်ဘ်ဆိုဒ်ရဲ့အဆိုအရတော့ RC-135 Rivet Joint လေယာဉ်ဟာ မဟာဗျူဟာနဲ့ နည်းဗျူဟာဆိုင်ရာ မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို တပ်ဖြန့်အသုံးပြုနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။…


အီရန်ကို အစ္စရေးဆော်မယ့်အရေးကြားကနေ လန့်ပေးနေတဲ့ ဗြိတိန်

အစ္စရေးထိန်းချုပ်တဲ့ ရေနံတင်သင်္ဘောကိုမှ တိုက်လိုက်တာတော့ အီရန် အနေနဲ့ စောက်ကျိုးနဲ အမှားကြီးကို ကျူးလွန်လိုက်တာပဲ ဒါနဲ့ပတ်သက်လို့ နိုင်ငံတကာကလည်း ဖြစ်လာရင် ခုခံကာကွယ်ဖို့နဲ့ ဆော်ပလော်တီးဖို့ ပြင်နေထားလောက်ပြီ၊ ပင်လယ်ကွေ့နိုင်ငံသားတွေ အတွက်တော့ အိမ်မက်ဆိုးပေါ့ အီရန်ကတော့ သေချာတယ် တနည်းနည်းနဲ့ ဆော်ခံရမှာ၊ သူ့နိုင်ငံခြား ရေးဝန်ကြီးကတော့ ဖာနေတာပေါ့၊ ဖာတဲ့ တာဝန်တော့ ကျေရှာပါတယ် လက်ခံနိုင်စရာကိစ္စတော့မဟုတ်ဘူး၊ ဒါက ကုန်သွယ်ရေးလုပ်နေတဲ့ သင်္ဘောလေ၊ အီရန်အပြင် အခြားနိုင်ငံတွေလည်း လွတ်လပ်စွာရေကြောင်းသွားလာမှုကိုလေစားသင့်တယ်