ဗုံးကြဲလေယာဉ်

တရုတ်က တဖန်ပြန်ပြီး ရုရှားဆီကို တိုက်လေယာဉ်တွေ ပြန်စေလွှတ်၊ ဘာလုပ်နေကြတာလဲ

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(ကြည်း)ရဲ့ လေတပ်ဟာ J-10B နဲ့ J-16  တိုက်လေယာဉ်တွေကို ရုရှားနိုင်ငံဆီကို စေလွှတ်လိုက်တယ်လို့ သိရှိရပါတယ်။ ဒါဟာ ပုံမှန်ပြုလုပ်နေကြ Aviadarts Military Aviation အတွက်ဖြစ်တယ်လို့တော့ဆိုပါတယ်။ တရုတ်မီဒီယာတွေရဲ့ အဆိုအရ တိုက်လေယာဉ်တွေအပြင် သယ်ယူပို့ဆောင်ရေးလေယာဉ်တွေလည်း ပါရှိတယ်လို့ဆိုပါတယ်။ Aviadarts Military Aviation ဟာ ရုရှားမှာကျင်းပမယ့် International Army Games 2021 ရဲ့  အစိတ်အပိုင်းဖြစ်ပါတယ်။ စုစုပေါင်း လေယာဉ် ၁၁ စီးဖြစ်ပြီး…


တာလီဘန်တွေရူးနေပြီလား ပျံသန်းနေတဲ့ B-52 ကို ပစ်ချသော်လည်း ဗုံးစာမိသွား

အာဖဂန်နစ္စတန်ကနေ ထွက်ပေါ်လာတဲ့ သတင်းအချက်အလက်တွေအရ အကြမ်းဖက်တာလီဘန်တွေဟာ အာဖဂန်နယ်မြေထဲကို ပျံသန်းဝင်ရောက်လာနေတဲ့ US B-52 လေယာဉ်ကို ပစ်ချဖို့အတွက် ကြိုးစားခဲ့ကြတယ်လို့သိရပါတယ်။ ဒါဟာ တာလီဘန်တွေအနေနဲ့ ပထမဆုံးအကြိမ် ဆောင်ရွက်တာလည်းဖြစ်ပါတယ်။ သို့သော်လည်း ကြိုးစားမှုက အောင်မြင်မှုမရရှိခဲ့ပါဘူး။ တာလီဘန်တွေက မြေပြင်မှဝေဟင်ပစ်ဒုံးကျည်စနစ်နဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ ကျွမ်းကျင်သူတွေခန့်မှန်းတာက တာလီဘန်တွေအများဆုံးအသုံးပြုတဲ့ man-portable surface-to-air missile (MANPAD)နဲ့ ပစ်ချခဲ့ကြတာပါ။ ဒါကတော့ ဉာဏ်နည်းတာပါ။ ဒီ ပခုံထမ်းဒုံးက ဗုံးကြဲဖို့ ပျံလာတဲ့ ဘီ-၅၂ ဆီကို…


အစ္စရေးနဲ့အီရန်ပြန်ညှိနေပြီ ဖိုက်ဖို့ပြင်နေကြ

အိုမန်ကမ်းလွန်မှာ မိမိတို့ရေနံတင်သင်္ဘောကို ဒရုန်းနဲ့ တီးထားလို့ လာမယ့် ၄၈ နာရီအတွင်း အစ္စရေးက လေကြောင်းနဲ့ ရုတ်ခြည်းဆော်နိုင်တယ်လို့ သတင်း တွေထွက်ပေါ်လာပါတယ်။ လက်ရှိအချိန်မှာ အီရန်မီဒီယာတွေကလည်း ယခုပဲ လာတိုက်တော့မယ့် အခြေအနေမျိုးနဲ့ အီရန်လေကာစနစ်တွေကို အမြင့်ဆုံးအနေအထားပြုလုပ် ထားဖို့သင့်တယ်လို့ ဝိုင်းကြပ်နေကြပါတယ်။ မီးလောင်ရာလေပင့်ဆိုသလို မျက်ကလူးဆန်ပြာဖြစ်နေတဲ့ အီရန်လေကာ တပ်ဖွဲ့အပေါ် ရုရှားမီဒီယာအချို့ကလည်း ထပ်မံဆေးထိုးလိုက်တာက အစ္စရေးလေတပ်က ဒုံးကျည်စနစ်တွေကို အတော်များများ ပြင်ဆင်မှုတွေ ပြုလုပ်နေပြီး တိုက်ခိုက်ဖို့အတွက် ပြင်ဆင်နေလို့ ရေးသားဖော်ပြနေကြ…