ဗီဇမျိုးကွဲ

ကြောက်စရာအကောင်းဆုံး ကိုဗစ်ဒယ်လ်တာပိုး

ကိုရိုနာဗိုင်းရပ်စ်ရဲ့ ဒယ်လ်တာဗီဇမျိုးကွဲဟာ ကိုဗစ်-၁၉ ကပ်ရောဂါကို ဖြစ်စေတဲ့ ဗိုင်းရပ်စ်ဗီဇမျိုးကွဲတွေထဲမှာ အမြန်ဆုံး၊ လိုက်လျောညီထွေ ရှင်သန်နိုင်ဆုံးနဲ့ လန့်စရာ အကောင်းဆုံး အမျိုးအစားပဲလို့ ဗြိတိန် ကိုရိုနာဗိုင်းရပ်စ် မျိုးဗီဇဆိုင်ရာ သတင်းအချက်အလက် စစ်ဆေးရေးဌာန အကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ လောလောဆယ် ကမ္ဘာကြီးအတွက် အကြီးဆုံးဘေးက ရှင်းရှင်းလေးပဲ ဒယ်လ်တာ ဗီဇမျိုးကွဲပါလို့ အဏုဇီဝပညာရှင် ရှရွန်ပီးကော့က ပြောပါတယ်။ သူ့ရဲ့ အကြီးဆုံးစိုးရိမ်သောက ကတော့ ကာကွယ်ဆေးမထိုးရသေးတဲ့ တိုင်းပြည်တွေမှာ ဒယ်လ်တာ…