ဗိုင်းရပ်စ်

လာပြန်ပြီဟေ့ Lambda မျိုးကွဲဗိုင်းရပ်စ်ကို ဂျပန်မှာ ပထမဆုံးတွေ့ရှိ

ပီရူးနိုင်ငံမှာ ပထမဆုံးစတင်တွေ့ရှိခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်မျိုးကွဲ Lambda ဟာ တောင်အမေရိကမှာ ပြန့်နှံ့ပြီးနောက် အခုအခါ ဂျပန်မှာ ပထမဆုံးတွေ့ရှိခဲ့တယ်လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာနက မနေ့က ကြေညာခဲ့ပါတယ်။ အသက် ၃၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးမှာ တွေ့ရှိခဲ့တာဖြစ်ပြီး ပီရူးကနေ Haneda လေဆိပ်ကို ဇူလိုင်လ ၂၀ ရက်နေ့က ရောက်ရှိခဲ့တယ်လို့ ကျန်းမာရေးဌာနက ဖော်ပြခဲ့ပါတယ်။ လေဆိပ်က ကွာရန်တင်း Check မှာ စစ်ဆေးမှုပြုလုပ်ခဲ့ရာ ရောဂါလက္ခဏာတစ်စုံတစ်ရာပြသခြင်းမရှိဘဲ ကူးစက်ခံနေရတာကို တွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။…