ဖိအား

ဘယ်သူမှ ဂ ရု မစိုက် ဘူးဟုဆိုကာ မြောက်ကိုရီးယားနျူကလီးယားဆက်ထုတ်

မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည်အစီအစဉ်တွေကို အခု ၂၀၂၁ ခုနှစ် ပထမနှစ်ဝက် အတွင်းမှာ ဆက်လက် လုပ်ဆောင်နေကြောင်း ကုလသမဂ္ဂ လျိူ့ဝှက်အစီရင်ခံစာမှာ သောကြာနေ့က တွေ့ရှိရတယ်လို့ ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။ နိုင်ငံတွင်း စီးပွါးရေးအခြေနေပိုဆိုးလာနေတဲ့ကြားကပဲ မြောက်ကိုရီးယားက နိုင်ငံတကာဒဏ်ခတ်အရေးယူမှုကို ချိုးဖေါက်ပြီး နျူကလီယားနဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီစဉ်တွေကို ဆက်လုပ်နေတာဖြစ်ကြောင်း ကုလသမဂ္ဂဒဏ်ခတ်အရေးယူမှု ဆိုင်ရာ စောင့်ကြည့်သူတွေက ပြောပါတယ်။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့ မြောက်ကိုရီးယားဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ကတော့…